Wednesday, September 25, 2013

ရှင့် ကြောင့်

ရေလာမလားလို့မြောင်းပေး

ချောင်းကလေးလည်းမစီးလာ

မနီးတာလည်းမဟုတ်

အချစ်ဆိုတာကြီးက မသီးတာလည်းမဟုတ်

ရှင်ကြီးကခုချိန်ထိငုတ်တုတ်ငိုင်

ကျုပ်ကိုပိုင်ဖို့မစဉ်းစားဘူးလား

ရက်တွေကိုလည်း လတွေစား

နှစ်တွေလည်းများလာပြီ

အများတွေကလည်းရီပြီးစနေ

ဘ၀တွေကလည်းရင့်လာပြီ

ရှင့်ခမြာတခါလာနေကောင်းလားမေး

နောက်တခါလာစားကောင်းလားမေး

အများကောင်းစားရေးတွေလက်ချာဟော

ကျမမှာသာရင်တွေမောရ

အငယ်ဆုံးညီမ   အတတတောင်

ခလေးသုံးကောင်ရနေပြီတော့

ကျုပ်မှာတော့မျော်လင့်ရင်းအချိန်ပိုကုန်

လူအိုရုံသာလိုက်ခဲ့တော့ရှင့်။

တတိုင်းမွှေး။

No comments:

Post a Comment