Friday, September 27, 2013

စစ်


 
စစ်...

အဖြစ်တချို့ကရင်နာစရာ

အဖြစ်တချို့က....ရင်လေးစရာ

အဖြစ်တချို့က...ရင်ဆို့စရာ

ကောင်းတယ်ဆိုတာဘာမှမရှိတဲ့...အရာ..။

စစ်....

ပထမ...စတဲ့ စ တစ်လုံးကို

နောက်ထပ် စ တစ်လုံးက...လာပြီးသတ်လိုက်တာ

စစ်...ဆိုတာဖြစ်သွားတယ်။

စနဲ့စခြင်းအတူတူဆိုတော

စစခြင်းကအတူတူတွေပေါ့

ဘာလို့များအချင်းချင်းသတ်နေကြပါလိမ့်။

စစ်...

ရှုံးတဲ့သူတွေလည်းသေကြတယ်

နိုင်တဲ့သူတွေလည်းသေကြတယ်

ကြားကသူတွေလည်းသေကြတယ်

မိသားစုတွေဒုက္ခ ဝေတာတော့တူတူပါဘဲ။

စစ်

သားတွေသေလို့ မိဘ တွေငိုကြတယ်

လင်သား တွေသေလို့ မယားတွေငိုကြတယ်

အဖေ..တွေသေလို့ သားသမီးတွေငိုကြတယ်

ငို လို့ကျတဲ့မျက်ရည်တွေ ပင်လယ်မကကျခဲ့ပြီးပြီလေ။

စစ်

နေစရာ..အိုးအိမ်လယ်ယာတွေမရှိတော့ဘူး

ဝတ်စရာ...အရှက်ဖုံးစရာတွေလည်းမရှိတော့ဘူး

စားစရာ..သီးနှံ အာဟာရတွေလည်းမရှိတော့ဘူး

နောက်ဆုံး..နောင်ဘ၀အတွက်

..ဒါန..သီလ..ဘာဝနာလည်းမရှိနိုင်တော့ဘူးလေ။

စစ်

ဆန္ဒတွေကိုသေသေချာချာစီပြီးစစ်ကြပါ

စစ်မဖြစ်အောင်စစ်ကိုရှောင်ကြရအောင်ပါ

မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ။

တတိုင်းမွှေး။27-9-2013

No comments:

Post a Comment