Wednesday, February 19, 2014
လင်ရွေးနည်း
၁။ ။မျိုးဇာတ်အယူ တူမတူ လူကိုသေချာရွေး
၂။ ။အကျင့်ကောင်း၏ မကောင်း၏ သတိရှိလို့ရွေး
၃။ ။အမျိုးစင်ကြယ် မစင်ကြယ် အနွယ်သိအောင်ရွေး
၎။ ။ပညာတတ်ထား မတတ်ထား စဉ်းစားလို့သာရွေး
၅။ ။ဒေါသအမျက် ထွက်မထွက် အချက်သိအောင်ရွေး
၆။ ။ရဲစွမ်းသတ္တိ ရှိမရှိ သိအောင်စုံစမ်းရွေး
၇။ ။ ရောဂါကင်းသည် မကင်းသည် ရှင်းရှင်းသိအောင်ရွေး
၈။ ။သဘောထားကြီး၏ မကြီး၏ အပြီးသိအောင်ရွေး
၉။ ။မေတ္တာစစ်စစ် မစစ်စစ် အချစ်စစ်ကိုရွေး
၁၀။ ။အပျော်လိုက်စား မလိုက်စား အများကိုမေး သိအောင်ရွေး။
အလင်္ကာကျော်စွာ ရွှေမန်း ဦးတင်မောင်၏ ` မောင်မှူးပြဇာတ်
´မှထုတ်နှုတ်တင်ပြပါသည်။
တတိုင်းမွှေး။ ။
Saturday, February 8, 2014
မင်းပါဘဲ
ချစ်သူ
နှလုံးသားလေးဖြူဖြူနှင့်
အတူတူဖြတ်သန်းတဲ့ကာလမှာ
အရွယ်ရလာတဲ့
သံယောဇဉ်က
ခဏခဏ အမိန်ပေး
နှလုံးသားလေးအရောင်ပြောင်း
ချစ်သူအကြောင်းကိုကောင်းကောင်းတွေးတတ်ပြီ။
ချစ်သူ
ကိုယ်ပေးလို့မင်းမယူ
မင်းမပေးးလို့ကိုယ်မရ
တဲ့ အချစ်
ဒေါသလည်းဖြစ်ခွင့်
မရ
တစစနှင့်သောကတွေကပို
မနာလို တာကသိပ်ချစ်လို့ထင်တယ်
စာနာတတ်မည်ဆို
မင်းနားလည်မှာပါ။
ချစ်သူ
မင်းရှေ့မှာဒူးထောက်
ရင်ကိုဖေါက်ပြီးပေးတဲ့နှလုံးသားလေး
ဖွဖွလေးတော့ကိုင်သင့်တယ်
ပိုင်ဆိုင်ခွင့်မပေးလည်းနေလို့ရပါတယ်
ခြေဆေးဖို့
ညှစ်ချ တစ်စက်စက်ကျတဲ့နှလုံးသွေး
အမုန်းကလေးနဲ့တစိမ့်စိမ့်ကြည့်
ရွေးချယ်၈ရာမရှိ
တဲ့အဆုံးသတ်မှာ
အပြုံးမပါတော့တာသေချာပြီလားနော်။
ချစ်သူ
မမြင်လည်းချစ်မြင်လည်းချစ်
မမုန်းလည်းချစ်မုန်းလည်းချစ်
မပြုံးလည်းချစ်ပြုံးလည်းချစ်
နေ့မှာလည်းချစ်
ညလည်းချစ်
နေ့ညချစ်တတ်စွဲလန်းတတ်အောင်
မာယာဆောင်သလား၊မင်းပြုစားရက်လားနော်။
ချစ်သူ
ရှိစုမဲ့စုသိက္ခာလေး
မင်းအတွက်စတေးပေးလိုက်တယ်
အဝေးကိုမသွားချင်တဲ့ဆန္ဒ
တမ်းတလို့စွဲမက်
မခွဲရက်လို့
လိုက်ကပ်
အချစ်ငတ်တာကိုမကျေနပ်မှတော့
မျက်တောင်တခတ်အသေသတ်ဖို့
အမုန်းတချို့ပို့လိုက်ပါလားနော်
ချစ်သူ
အပြစ်လို့ထင်သလား
အပြစ်တွေများတဲ့သူလို့မှတ်လိုက်ပါ
အချစ်လို့
ထင်သလား
အချစ်တွေများတဲ့သူလို့မှတ်လိုက်ပါ
အပြစ်ပေးတာလည်းမင်းပါဘဲ
အချစ်ပေးတာလည်းမင်းပါဘဲ။
တတ။
Tuesday, February 4, 2014
ရပ်တတ်ဖို့ လိုပါသည်
ဝမ်းသာပါတယ်သူငယ်ချင်း
ငါ့သူငယ်ချင်းတစ်ယောက်
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် နိုင်ပြီဆိုလို့ပါ
ရပ်နေပါသူငယ်ချင်း
မြဲမြဲ နှင့် မတ်မတ်လေး ထာဝရရပ်နေပေးပါ
ခြေဖ၀ါးအစုံကိုမြေသားနှင့်ထိပြီး
သတိလေးနဲ့ရပ်နေပေးပါ
အဲသည်လိုဆိုရင်တော့
ကြာကြာလေးရပ်နိုင်မှာပါ
လုပ်ပိုင်ခွင့်တွေနဲ့မာနမော က်
ခြေဖျားထောက်ပြီးတော့မရပ်မိ စေနှင့်
မင်းကြာကြာရပ်နိုင်မှာမဟုတ် ဘူး
ပြီးတော့ ခေါင်းကိုငုံ့ပြီးအောက်ကြို ကည့်
ထိထိမိမိလေးဆန်းစစ်ပေး
မင်းမျက်လုံးမှာ ဂရုဏာတွေပါပါစေ
ခေါင်းကိုမော့ပြီး အပေါ်ကိုမကြည့်မိစေနှင့်
မင်းမသိတဲ့တိမ်တွေကြောင့်သောကရောက်တတ်တယ်
သည်လောကကြီးမှာ
ရပ်တတ်ဖို့လိုတယ်
မရပ်တတ်လျှင်
မင်းကိုလောကကြီးက ရပ်လိုက်မည်။
တတိုင်းမွှေး။
ငါ့သူငယ်ချင်းတစ်ယောက်
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် နိုင်ပြီဆိုလို့ပါ
ရပ်နေပါသူငယ်ချင်း
မြဲမြဲ နှင့် မတ်မတ်လေး ထာဝရရပ်နေပေးပါ
ခြေဖ၀ါးအစုံကိုမြေသားနှင့်ထ
သတိလေးနဲ့ရပ်နေပေးပါ
အဲသည်လိုဆိုရင်တော့
ကြာကြာလေးရပ်နိုင်မှာပါ
လုပ်ပိုင်ခွင့်တွေနဲ့မာနမော
ခြေဖျားထောက်ပြီးတော့မရပ်မိ
မင်းကြာကြာရပ်နိုင်မှာမဟုတ်
ပြီးတော့ ခေါင်းကိုငုံ့ပြီးအောက်ကြို
ထိထိမိမိလေးဆန်းစစ်ပေး
မင်းမျက်လုံးမှာ ဂရုဏာတွေပါပါစေ
ခေါင်းကိုမော့ပြီး အပေါ်ကိုမကြည့်မိစေနှင့်
မင်းမသိတဲ့တိမ်တွေကြောင့်သေ
သည်လောကကြီးမှာ
ရပ်တတ်ဖို့လိုတယ်
မရပ်တတ်လျှင်
မင်းကိုလောကကြီးက ရပ်လိုက်မည်။
တတိုင်းမွှေး။
မျက်ရည်ဥတဲ့ အလွမ်းဌက်
ချစ်သူ
ချစ်သူပြောတာမှန်တယ်
ငါကလူမဟုတ်ဘူး
ငါက ငှက်တစ်ကောင်
မီးတောင်တွေကိုမျိုချပြီး
ရင်ဘတ်ကြီးကို အပူပေးတဲ့ငှက်
တပ်မက်မှုကို လက်မှာဆုပ်
နောင်တကိုလှေခါးလုပ်တဲ့ငှက်
မြတ်နိုးမှု ရင်မှာပိုက်
မှောင်မိုက်မှာအိပ်မက်မက်တဲ့ ငှက်
အဖက်ဖက်ကအရှုံးပေ
အမုန်းဆေးကိုအ၀သောက်တဲ့ငှက်
ချစ်တတ်တာတစ်ခုအတွက်
မာန ကိုမြေပေါ်မှာရေးပြဈေးချတဲ့ ငှက်
နှလုံးသားဈေးကွက်မှာဆူညံ
သွေးပွက်ပွက်အန်အောင်အော်ပြ တဲ့ငှက်
ချစ်သူရဲ့လှပတဲ့အဆင်း
ကဗျာအတွင်းမှာဖျော်စပ်တဲ့ငှ က်
အပြုံးတစ်ခုနဲ့ပြုစားတာကိုခံ
မုသားအသံကိုအမှန်ထင်တဲ့ငှက်
ချစ်တဲ့သူအတွက်သံချိုတေး
နှလုံးသားလေးနဲ့တီးခတ်ပေးတဲ့ ငှက်
နေ့စဉ်ရက်ဆက်မပျက်ကွက်
အချစ်ကိုအချစ်လို ချစ်တဲ့ငှက်
အခုတော့ သည်ငှက်ကလေး
ပက်လက်ကလေး ငိုနေတယ်
ချစ်သူပြောတာမှန်တယ်
ငါကလူမဟုတ်ဘူး
ငါက ငှက်တစ်ကောင်
အမှန်တော့ ငါက
လွမ်းနေရတာနေ့စဉ်ရက်ဆက်
မျက်ရည်ဥတဲ့ အလွမ်းငှက်။
တတိုင်းမွှေး။
ချစ်သူပြောတာမှန်တယ်
ငါကလူမဟုတ်ဘူး
ငါက ငှက်တစ်ကောင်
မီးတောင်တွေကိုမျိုချပြီး
ရင်ဘတ်ကြီးကို အပူပေးတဲ့ငှက်
တပ်မက်မှုကို လက်မှာဆုပ်
နောင်တကိုလှေခါးလုပ်တဲ့ငှက်
မြတ်နိုးမှု ရင်မှာပိုက်
မှောင်မိုက်မှာအိပ်မက်မက်တဲ
အဖက်ဖက်ကအရှုံးပေ
အမုန်းဆေးကိုအ၀သောက်တဲ့ငှက်
ချစ်တတ်တာတစ်ခုအတွက်
မာန ကိုမြေပေါ်မှာရေးပြဈေးချတဲ့
နှလုံးသားဈေးကွက်မှာဆူညံ
သွေးပွက်ပွက်အန်အောင်အော်ပြ
ချစ်သူရဲ့လှပတဲ့အဆင်း
ကဗျာအတွင်းမှာဖျော်စပ်တဲ့ငှ
အပြုံးတစ်ခုနဲ့ပြုစားတာကိုခ
မုသားအသံကိုအမှန်ထင်တဲ့ငှက်
ချစ်တဲ့သူအတွက်သံချိုတေး
နှလုံးသားလေးနဲ့တီးခတ်ပေးတဲ
နေ့စဉ်ရက်ဆက်မပျက်ကွက်
အချစ်ကိုအချစ်လို ချစ်တဲ့ငှက်
အခုတော့ သည်ငှက်ကလေး
ပက်လက်ကလေး ငိုနေတယ်
ချစ်သူပြောတာမှန်တယ်
ငါကလူမဟုတ်ဘူး
ငါက ငှက်တစ်ကောင်
အမှန်တော့ ငါက
လွမ်းနေရတာနေ့စဉ်ရက်ဆက်
မျက်ရည်ဥတဲ့ အလွမ်းငှက်။
တတိုင်းမွှေး။
ဟန်
ငြိမ်ငြိမ်လေးငုတ်တုပ်ထိုင် နေတာ
မယိုင်လျှင်ယိုင်အောင်လာလာနဲ့နေကြ၊
မခိုင်တဲ့ဘ၀မှာရှိတာကမာန
အစထဲက ကိုယ့်လှေကိုယ်ထိုးနေတာ
အရိုးတောင်တော်တော်မာနေမှ
ဖွတ်ထွက်ပြတာကတောင်ပို့မှန်းသိစေချင်လို့ပါ
ကောင်းစေချင်တယ်ဆိုတဲ့ဆောင် ပုဒ်ကိုကိုင်
အညတရရေအိုင်ကိုလာလာမနှောင့် ကြပါနဲ့
အနယ်များလို့ရေမကြည်တာ
အချိန်ဆိုတာကဆုံးဖြတ်ပေးလိမ့်မည်။
သောက်ရန်မသင့်လို့ထင်သလား
သုံးဖို့လောက်တော့စဉ်းစားပေး
ခြေတော့မဆေးသင့်ဘူးထင်ပါတယ်
ပိန်းကောက ဦးထောင်ကျောက်ဆောင်နဲ့မတို က်မချင်း
ခေါင်းပေါ်ကဖြတ်နင်းခွင့်ပေး ထားတယ်
အလျှားမကျယ်ပဲ အနံကိုလိုက်ချဲ့
တိုက်တဲ့ပွဲတိုင်းတော့ဘယ်သူ မှမနိုင်ပါဘူး
မြစ်လောက်မကျယ်လည်းချောင်းထဲမှာလည်းရေရှိတယ်
ရေကိုရေမှန်းသိလျှင် ရေလိုဘဲကြည့်ပေးပါ
ရေဆိုတာလူတကာအတွက်အသုံးတဲ့မှာပါ
အိုင်တွေ့တိုင်းခြေမဆေးမိမှ ရေတန်ဘိုးကိုသိမည်နော်။
လူညီလို့ ဤကိုကျွဲလို့ဖတ်လျှင်
မင်းလည်းမမှန်မင်းဟန်လည်းပျောက်
ကျွဲအုပ်ထဲရောက်နေတတ်တယ်နော်။
အသံမညီ၊နရီမမှန်
ကာရန်မပါ၊လင်္ကာမတွေး
ရင်ထဲကတိုင်းရေးလိုက်မိပြန် ပြီ။
တတိုင်းမွှေး။ ။
မယိုင်လျှင်ယိုင်အောင်လာလာန
မခိုင်တဲ့ဘ၀မှာရှိတာကမာန
အစထဲက ကိုယ့်လှေကိုယ်ထိုးနေတာ
အရိုးတောင်တော်တော်မာနေမှ
ဖွတ်ထွက်ပြတာကတောင်ပို့မှန်
ကောင်းစေချင်တယ်ဆိုတဲ့ဆောင်
အညတရရေအိုင်ကိုလာလာမနှောင့်
အနယ်များလို့ရေမကြည်တာ
အချိန်ဆိုတာကဆုံးဖြတ်ပေးလိမ
သောက်ရန်မသင့်လို့ထင်သလား
သုံးဖို့လောက်တော့စဉ်းစားပေ
ခြေတော့မဆေးသင့်ဘူးထင်ပါတယ်
ပိန်းကောက ဦးထောင်ကျောက်ဆောင်နဲ့မတို
ခေါင်းပေါ်ကဖြတ်နင်းခွင့်ပေး
အလျှားမကျယ်ပဲ အနံကိုလိုက်ချဲ့
တိုက်တဲ့ပွဲတိုင်းတော့ဘယ်သူ
မြစ်လောက်မကျယ်လည်းချောင်းထ
ရေကိုရေမှန်းသိလျှင် ရေလိုဘဲကြည့်ပေးပါ
ရေဆိုတာလူတကာအတွက်အသုံးတဲ့မ
အိုင်တွေ့တိုင်းခြေမဆေးမိမှ
လူညီလို့ ဤကိုကျွဲလို့ဖတ်လျှင်
မင်းလည်းမမှန်မင်းဟန်လည်းပေ
ကျွဲအုပ်ထဲရောက်နေတတ်တယ်နော
အသံမညီ၊နရီမမှန်
ကာရန်မပါ၊လင်္ကာမတွေး
ရင်ထဲကတိုင်းရေးလိုက်မိပြန်
တတိုင်းမွှေး။ ။
Subscribe to:
Posts (Atom)