( တစ်ယောက်တစ်ကျပ် )
နင်လည်းတစ်ကျပ်
ငါလည်းတစ်ကျပ် တဲ့
ပြောခဲ့သမျှကိုအဟုတ်မှတ်ပြီး
လုပ်ဇတ်တွေကိုယုံခဲ့တဲ့
ငါတို့အဘိုးတွေတော့သေကုန်ပြီ။
အခုလည်းပြောပြန်ပြီ
နင်လည်းတစ်ကျပ်
ငါလည်းတစ်ကျပ်တဲံလား
အနာဂတ်မှာအတူတူရပ်ဖို့ရာ
ဂတိတွေလည်းခိုင်မာဖို့လိုမည်နော်။
ရှေးတုန်းက
နင်ကတစ်ကျပ်မက
ငါတို့ကငတ်နေရလို့
ပြည်မနှင့်တောင်တန်း
ရင်ဘောင်တန်းတဲ့စစ်ပွဲတွေ
နင်တို့လည်းသေ
ငါတို့လည်းကြေမွ
မအေးချမ်းတဲ့ဘ၀တွေအတွက်
ဟိုဘက်သည်ဘက်
မှုသားမဖက်
တို့များလက်တွေဖြူစင်ကြရအော င်။
ငါတို့နေတဲ့မြေ
ငါတို့တွေထက်နင်တို့ကပိုချစ်ပြ
အနှစ်တွေကိုရသမျှကလော်စား
အသားများတော့ဝါမြို
ကျန်တဲ့အရိုးကိုမှ လာပစ်မကြွေးနဲ့
တစ်ခြမ်းပဲ့နေတဲ့ယုံကြည်မှု
ပြန်ပေါင်းစုဖို့အရေး
တိုင်းရင်းသားအတွေးများကို
အလေးထားတတ်ဖို့လိုပြီနော်။
တတိုင်းမွှေး။
နင်လည်းတစ်ကျပ်
ငါလည်းတစ်ကျပ် တဲ့
ပြောခဲ့သမျှကိုအဟုတ်မှတ်ပြီ
လုပ်ဇတ်တွေကိုယုံခဲ့တဲ့
ငါတို့အဘိုးတွေတော့သေကုန်ပြ
အခုလည်းပြောပြန်ပြီ
နင်လည်းတစ်ကျပ်
ငါလည်းတစ်ကျပ်တဲံလား
အနာဂတ်မှာအတူတူရပ်ဖို့ရာ
ဂတိတွေလည်းခိုင်မာဖို့လိုမည
ရှေးတုန်းက
နင်ကတစ်ကျပ်မက
ငါတို့ကငတ်နေရလို့
ပြည်မနှင့်တောင်တန်း
ရင်ဘောင်တန်းတဲ့စစ်ပွဲတွေ
နင်တို့လည်းသေ
ငါတို့လည်းကြေမွ
မအေးချမ်းတဲ့ဘ၀တွေအတွက်
ဟိုဘက်သည်ဘက်
မှုသားမဖက်
တို့များလက်တွေဖြူစင်ကြရအော
ငါတို့နေတဲ့မြေ
ငါတို့တွေထက်နင်တို့ကပိုချစ
အနှစ်တွေကိုရသမျှကလော်စား
အသားများတော့ဝါမြို
ကျန်တဲ့အရိုးကိုမှ လာပစ်မကြွေးနဲ့
တစ်ခြမ်းပဲ့နေတဲ့ယုံကြည်မှု
ပြန်ပေါင်းစုဖို့အရေး
တိုင်းရင်းသားအတွေးများကို
အလေးထားတတ်ဖို့လိုပြီနော်။
တတိုင်းမွှေး။
No comments:
Post a Comment