“ ဆံချတော့မယ်တဲ့ ”
ကျောင်းသားလေးတစ်ယောက်ကလြာေ ပာတော့
ကျွန်တော်ခေါင်းကိုစမ်းလိုက်မိသည်။လွန်ခဲ့သည့့်အပတ်ကမှသေသေချာချာပုံသွင်း
ထားသည့် ဆံပင်လေးတော့သွားတော့မည် ။ ကျောင်းသားလေးက လုံချည်အသစ်
တစ်ထည်နှင့့်စွပ်ကျယ်အသစ်တစ်ထည်ကို ကမ်းပေးလို့ကျွန်တော် လဲဝတ်လိုက်ပြီး
ကျောင်းသားလေးနောက်ကိုလေးတွဲ့သည့့်ခြေလှမ်းများနှင့့် လိုက်ခဲ့သည်။ ခေါင်းရိတ်
ပေးမည့်ဦးဇင်းက သင်တုံးဓါးကိုတဖြန်းဖြန်းနှ င့်ခတ်နေသည်မှာ အသဲယားစရာပင်။
´ မြန်မြန်လာပါ ပဉ္ဇင်းလောင်းရဲ့´
သူ့ခေါ်သံကြားမှကျွန်တော့့်ခြေလှမ်းက ပိုပြီးနှေးသွားသည်။ ဦးဇင်းကကျွန်တော့ခေါင်း
ကိုကြည့်ပြီး ပြုံးလိုက်သည်၊ပြီးတော့မှ
“ ခေါင်းကိုရေသွားဆွတ်လိုက်လေ ” ဟုပြောလိုက်ပါသည်။
ဖိတ်စာ နှင့်မဖိတ်ထားသော်လည်း ရဟန်းလောင်းများရဲ့နီးစပ်ရာ မိတ်ဆွေများ
ကတော့ လာကြပါ သည်။တစ်ဖက်နိုင်ငံမှာအလုပ်သွားလုပ်နေသောကျွန်တော့့် ကိုအဖေက
လကုန်အမှီပြန်လာခိုင်းပါသည် ။ ကျွန်တော်ပြန်မည်ဆိုတော့ အတူနေ တစ်မြို့တည်းသား
ဝင်းကိုနှင့် မင်းထက်တို့လည်းလိုက်ပြန်လာ ကြသည်။ပြန်ရောက် လာတော့မှအဖေက
“ သား ..မင်းကိုရဟန်းတက်ပေးမလို့ ပြန်ခေါ်လိုက်တာ..”
အဖေ့စကားကြောင့် သထုံမှာတပေါင်းပွဲ ကဲရန်စိတ်ကူးလာသော ကျွန်တော်တို့
တွေမောသွားကြသည်။ဒါပေမဲ့ မုဆိုးဖိုဖခင်ကြီးရဲ့ ဆန္ဒ ကိုလည်းမလွန်ဆန်နိုင်တော့သေ ဘာ
တူလိုက်ပါသည်။ ကျွန်တော်ရဟန်းဝတ်မည်ဆိုတော့ လည်း ၀င်းကိုတို့လည်းလိုက်ဝတ်ဖို့ 
ဆုံးဖြတ်လိုက်လို့ သူတို့မိဖများလည်းတော်တော်ေ ပျာ်သွားကြသည်ပင်။
ကျွန်တော်အဖေကိုလည်းကျေးဇူး တင်ကြပါသည်။ သည်လိုနှင့်ကျွန်တော်တို့သုံးယောက်
ရဟန်းဝတ်ဖြစ်ကြခြင်းဖြစ်သည် ။ ကျွန်တော်ကရေတစ်ခွက်ကို အုတ်ကန်ထဲကခတ်ပြီး ခေါင်း
ကိုရေဆွတ်လိုက်သည်။
“ တော်ပြီ သိပ်အများကြီးမဆွတ်နဲ့” အဖေ့အသံကြောင့် ကျွန်တော်ခေါင်းရေဆွတ်တာ
ကို ရပ်လိုက်သည်။နောက်တော့လည်းဦးဇင်း အရှေ့မှာသူ့ကိုကျောခိုင်းပြီး ဆောင့်ဆောင့့်လေး
ဝင်ထိုင်လိုက်ရသည်။
အုတ်ရေကန်လေးရဲ့တစ်ဖက်မှာတော့  မင်းထက်နှင့်ဝင်းကိုတို့နှစ်ယောက်ကတော့
ခေါင်းရိပ်နှင့်လေ သည်။မင်းထက်ဆိုတစ်ခေါင်းလုံးတောင်ကုန်ခါနီးနေပြီ။ဝင်းကိုကတော့
တစ်ခြမ်းကျန်နေသေးသည်။သူတို့ အသီး သီးရှေ့ကပိတ်ဖြူလေးတွေကိုအသီးသီးဖြန့်ထားပြီး
သူတို့အဖေနဲ့အမေတွေကတစ်ဖက်စီအသီးသီး ကိုင်ထား ကြသည်။
အမှတ်မထင်သူတို့မျက်နှာကြို ကည့့်မိတော့ ၀င်းပကြည်လင်နေတဲ့ပီတိအပြုံးတွေကို
ကျွန်တော်မြင်လိုက် ရသည်။ရုတ်တရက်ကျွန်တော့်ရင်ထဲမှာ ဒိန်းခနဲတုန်လှုပ်သွားမိသညိ ။
အမည်မဖော်ပြနိုင်သောဝမ်းနည်းမှုတစ်ခုကိုခံစားလိုက်ရသည်။ ပြီးတော့အဖေ့ကိုလှမ်းကြည့်
လိုက်မိသည်။
အဖေကလက်ထဲမှာကိုင်ထားသောပိတ်ဖြူစလေးကို ဖြန့်ချလိုက်သည်။
ဘေးမှာရပ်နေသောကျောင်းသားလေးက ကျန်သည့်အ စနှစ်ဖက်ကိုကိုင်ပြီး ပြိုင်တူထိုင်
ချလိုက်သည်။ဦးဇင်းကကျွန်တော့်ခေါင်းကိုနောက်မှနှိမ့်ြ ပီးတွန်းလိုက်တော့ ကျွန်တော်
အလိုက်တသိပင်ခေါင်းငုံ့ပေး လိုက်ရာသင်တုန်းဓါးနှင့် ရိတ်ချလိုက်သောဆံပင်တစ်ထွေး
ပိတ်ဖြူပေါ်သို့ကျလာသည်။
ထိုအခိုက် ကျွန်တော့်ညာဖက်ကပိတ် ဖြူအစွန်းကိုကိုင်ထားသော အဖေ့လက်
တုတ်တုတ်ကြီးနှစ်ဖက်ကို ကြည့်မိလိုက်သည်။အဖေ့လက်နှစ်ဖက်ကိုသည်လိုအနီးကပ်
မတွေ့ရသည်မှာတော်တော်ကြာခဲ့ ပြီ။အဖေ့လက်မှာ အရင်လိုမတင်းတော့ပဲအရေပြား
တစ်ချို့ပျော့လာပြီး အရစ်တွေပေါ်လာနေပြီကော။ထိုလက်နှစ်ဖက်နှင့့်ကျွန်တော့် ကိုရိုက်
ခဲ့ဖူးသလို သည်လက်နှစ်ဖက်ကကျွန်တော့့်ဦးခေါင်းကိုပွတ်ပြီးကြည့်စယ်ခဲ့ဘူးသည်။
သည်လက်နှစ်ဖက်က ကျွန်တော့်ကိုမုန့်ဖိုးတွေပေးခဲ့သည်။သည်လက်နှစ်ဖက်သည်
ကျွန်တော့်ကိုလူလားမြောက်စေ ခဲ့သည်။
နောက်တော့ ကျွန်တော်ဘယ်ဖက်ကိုမျက်လုံး ဝေ့ကြည့်လိုက်တော့ ကျောင်းသားလေးရဲ့
ပိတ်ဖြူစကိုကိုင်ထားသောလက်နှစ်ဖက်ကိုတွေ့ရသည်။အမှန်ဒီေ နရာမှာ အခြား လက်တစ်စုံဖြစ်
နေသင့်သည်။ ကျွန်တော်အရမ်း မြတ်နိုးသောဖြူဝင်းပြီးသွယ် တန်းနေသောလက်တစ်စုံ၊ ပိန်လှီ
သော်လည်း ကျွန်တော့်ကိုအင်အားတွေပေးခဲ့သော လက်တစ်စုံ၊ ကွန်တော်အိပ်နေစဉ် နဖူး
လေးကိုလာလာစမ်းသောလက်၊ ကျွန်တော်နိုးလာလျှင် ပါးကိုဆွဲဆွဲလိမ် တတ်သောလက်၊
ကျွန်တော်ဝမ်းနည်းလျှင် ကျွန်တော့့်ခေါင်းကိုထိုးဖွပြီးနှစ်သိမ့့်တတ်သောလက်၊ ယခုတော့
ဒီလက်နှစ်ဖက်မရှိတော့။ ခေါင်းမှာဆွတ်ထားသောရေက နဖူးမှတဆင့်ပိတ်ဖြူပေါ်
သို့တစက်စက်ကျနေ၏။ရေစက်တို့ ကျထိသည့်နေရာတွင် အစိုကွက်လေးများဖြစ်သွားသည် ။
ရိတ်ချလိုက်သောဆံပင်ကလည်းစိုနေတော့ ပိတ်ဖြူစမှာအစိုကွက်ကစုစုပြီး
ရေကွက်ကြီးဖြစ်သွားသည်။ကျွန်တော်သတိထားမိသည့်အချိန်မှာကျနေသောရေစက်များနှင့်
အတူကျွန်တော့်မျက်လုံးမှ မျက်ရည်စက်များပါနေပြီကော။
ပိတ်ဖြူစကိုကိုင်ထားသောအဖေ့ လက်အစုံလည်း တဖြေးဖြေးတုန်လာပါသည်။
မမျှော်လင့်ပဲအဖေ့ရှေ့က ပိတ်ဖြူစမှာရေကွက်လေးနှစ်ခု ကို ကျွန်တော်မြင်လိုက်ရသည်။
` အဖေရယ် .....သားလိုပဲသတိရနေတာလားနော် ´
ဒီတစ်ခါတော့အဖေပြောနေကျစကား ကိုပဲ သားရင်ထဲကပြန်ပြောလိုက်မိသည်။
“ ဖြစ်တတ်ရင် ပျက်တတ်ပါတယ်အဖေရယ် ´´
ထိုအခိုက်လေးမှာပင် အဖေ့နှုတ်ဖျားမှတိုးညှင်း သော်လည်းပီသသောစကားလုံး
အချို့ကိုရင်မှာနင့်နေအောင် ကြားလိုက်ရပါတော့သည်။
“ အမေကြီးရေ..... မင်းသားရဟန်းဘောင်ကို တက်တော့မည်နော်
ရောက်လေရာဘုံဘ၀ကနေပြီးတို့သားအဖပြုတဲ့ ဒါနကုသိုလ်ကို သာဓုခေါ်လိုက်ပါတော့နော်..
အမေကြီးရေ.. အမျှ အမျှ အမျှ ရပါစေကွယ်.....”
သားယောက်ကျားတိုင်းအမိအဖတို့ အတွက် ရဟန်းတက်ပြီး ကုသိုလ်ဆက်ခွင့်ပေး
နိုင်ကြပါစေ။
အစဉ်လေးစားလျှက်
တတိုင်းမွှေး။ ။2-5-2014
ကျောင်းသားလေးတစ်ယောက်ကလြာေ
ကျွန်တော်ခေါင်းကိုစမ်းလိုက
ထားသည့် ဆံပင်လေးတော့သွားတော့မည်
တစ်ထည်နှင့်
ကျောင်းသားလေးနောက်ကိုလေးတွ
ပေးမည့်ဦးဇင်းက သင်တုံးဓါးကိုတဖြန်းဖြန်းနှ
´ မြန်မြန်လာပါ ပဉ္ဇင်းလောင်းရဲ့´
သူ့
ကိုကြည့်ပြီး ပြုံးလိုက်သည်၊ပြီးတော့မှ
“ ခေါင်းကိုရေသွားဆွတ်လိုက်လေ
ဖိတ်စာ နှင့်မဖိတ်ထားသော်လည်း
ကတော့
လကုန်အမှီပြန်လာခိုင်းပါသည်
ဝင်းကိုနှင့် မင်းထက်တို့လည်းလိုက်ပြန်လာ
“ သား ..မင်းကိုရဟန်းတက်ပေးမလို့ ပြန်ခေါ်လိုက်တာ..”
အဖေ့စကားကြောင့် သထုံမှာတပေါင်းပွဲ ကဲရန်စိတ်ကူးလာသော ကျွန်တော်တို့
တွေမောသွားကြသည်။ဒါပေမဲ့ မုဆိုးဖိုဖခင်ကြီးရဲ့ ဆန္ဒ ကိုလည်းမလွန်ဆန်နိုင်တော့သေ
တူလိုက်ပါသည်။ ကျွန်တော်ရဟန်းဝတ်မည်ဆိုတော
ဆုံးဖြတ်လိုက်လို့ သူတို့မိဖများလည်းတော်တော်ေ
ကျွန်တော်အဖေကိုလည်းကျေးဇူး
ရဟန်းဝတ်ဖြစ်ကြခြင်းဖြစ်သည်
ကိုရေဆွတ်လိုက်သည်။
“ တော်ပြီ သိပ်အများကြီးမဆွတ်နဲ့” အဖေ့
ကို ရပ်လိုက်သည်။နောက်တော့
ဝင်ထိုင်လိုက်ရသည်။
အုတ်ရေကန်လေးရဲ့တစ်ဖက်မှာတေ
ခေါင်းရိပ်နှင့်လေ သည်။မင်းထက်ဆိုတစ်ခေါင်းလုံ
တစ်ခြမ်းကျန်နေသေးသည်။သူတို
သူတို့အဖေနဲ့အမေတွေကတစ်ဖက်စ
အမှတ်မထင်သူတို့မျက်နှာကြို
ကျွန်တော်မြင်လိုက် ရသည်။ရုတ်တရက်ကျွန်တော့
အမည်မဖော်ပြနိုင်သောဝမ်းနည်
လိုက်မိသည်။
အဖေကလက်ထဲမှာကိုင်ထားသောပိတ
ဘေးမှာရပ်နေသောကျောင်းသားလေ
ချလိုက်သည်။ဦးဇင်းကကျွန်တေ
အလိုက်တသိပင်ခေါင်းငုံ့ပေး လိုက်ရာသင်တုန်းဓါးနှင့်
ပိတ်ဖြူပေါ်သို့ကျလာသည်။
ထိုအခိုက် ကျွန်တော့်ညာဖက်ကပိတ်
တုတ်တုတ်ကြီးနှစ်ဖက်ကို ကြည့်မိလိုက်သည်။အဖေ့လက်နှစ
မတွေ့ရသည်မှာတော်တော်ကြာခဲ့
တစ်ချို့ပျော့လာပြ
ခဲ့ဖူးသလို သည်လက်နှစ်ဖက်ကကျွန်တော့်
သည်လက်နှစ်ဖက်က ကျွန်တော့်ကိုမုန
ကျွန်တော့်ကိုလူလားမြောက်စေ
နောက်တော့ ကျွန်တော်ဘယ်ဖက်ကိုမျက်လုံး
ပိတ်ဖြူစကိုကိုင်ထားသောလက်န
နေသင့်သည်။ ကျွန်တော်အရမ်း မြတ်နိုးသောဖြူဝင်းပြီးသွယ်
သော်လည်း ကျွန်တော့်ကိုအင်အားတွေပေးခ
လေးကိုလာလာစမ်းသောလက်၊ ကျွန်တော်နိုးလာလျှင် ပါးကိုဆွဲဆွဲလိမ် တတ်သောလက်၊
ကျွန်တော်ဝမ်းနည်းလျှင် ကျွန်တော့်
ဒီလက်နှစ်ဖက်မရှိတော့။ ခေါင်းမှာဆွတ်ထားသောရေက နဖူးမှတဆင့်ပိတ်ဖြူပေါ်
သို့တစက်စက်ကျနေ၏။ရေစက်တို့
ရိတ်ချလိုက်သောဆံပင်ကလည်းစိ
ရေကွက်ကြီးဖြစ်သွားသည်။ကျွန
အတူကျွန်တော့်မျက်လုံးမှ
ပိတ်ဖြူစကိုကိုင်ထားသောအဖေ့
မမျှော်လင့်ပဲအဖေ့
` အဖေရယ် .....သားလိုပဲသတိရနေတာလားနေ
ဒီတစ်ခါတော့အဖေပြောနေကျစကား
“ ဖြစ်တတ်ရင် ပျက်တတ်ပါတယ်အဖေရယ် ´´
ထိုအခိုက်လေးမှာပင် အဖေ့နှုတ်ဖျားမှတိုးညှင်း သော်လည်းပီသသောစကားလုံး
အချို့ကိုရင်မှာနင့်နေအောင်
“ အမေကြီးရေ..... မင်းသားရဟန်းဘောင်ကို တက်တော့မည်နော်
ရောက်လေရာဘုံဘ၀ကနေပြီးတို့သ
အမေကြီးရေ.. အမျှ အမျှ အမျှ ရပါစေကွယ်.....”
သားယောက်ကျားတိုင်းအမိအဖတို
နိုင်ကြပါစေ။
အစဉ်လေးစားလျှက်
တတိုင်းမွှေး။ ။2-5-2014
No comments:
Post a Comment