Tuesday, May 20, 2014

လထက်သာ

 
အာကာတခွင် မှောင်ရိပ်ဆင်


ကြယ်စင်မလက် လမထွက်


ညနက်မဲမှောင် ငါ့သန်းခေါင်က


လရောင်ထက်သာ လင်းလျှက်ပါလား


မျက်နှာချိုမြ ပြုံးစစနှင့်


နှမငယ်ထွေး ချစ်သူလေးက


ဖေးဖေးမမ နမ်းမ၀မို့


ဘ၀ကိုအပ် သည်းကိုထပ်လို့


မြတ်မြတ်နိုး နိုး ချစ်ပင်ပျိုးချိန်


တိတ်တခိုးပြုံး ပီတိဖုံးတာ


ချစ်ရောင်ဖြာလို့လင်းတာလား။


တတိုင်းမွှေး။ ။

No comments:

Post a Comment