ကောင်းကင်ကြည်ပြာ...မြေကမ္ဘာမှာ
သာယာတယ်ဆိုတာတွေ..ပျောက်ကွယ်နေတယ်....။
ဆွံ့ အနေတဲ. ဖုန်းလေးတစ်လုံး...ရယ်
အစိမ်းရောင်..ပျောက်နေတဲ့ အကောင့်လေးတစ်ခုရယ်
မနက်အိပ်ရာကထချိန်မှာ ..ပိုင်ရှင်မဲ့နေတဲ့သွားပွတ်တံလေးရယ်
မင်းသုံးနေကျ မှန်တင်ခုံလေးနဲ့ ပါတ်နေကျ နာရီလေးရယ်
မင်းသောက်နေကျ ကော်ဖီခွက်လေးရယ်
မင်းချက်ပြုတ်နေကျ မီးဖိုချောင်လေးနဲ.
မင်းစါးနေကျထမင်းဝိုင်းလေးရယ်
မင်းသောက်နေကျရေခွက်လှလှလေးရယ်
မင်းယူသွားနေကျထမင်းဘူးလေးရယ်
မင်းရေလောင်းနေကျ နှင်းဆီပင်လေးရယ်
မနက်တိုင်း ကိုယ့်ကို မင်းဘယ်သွားနေလဲလို့ မေးနေကြတယ်
မင်းပြန်လာရင်မခေါ်ရလေအောင်
မနက်တိုင်းကိုယ်တံခါးထဖွင်.ထားပါတယ်
မင်းပြန်လါရင်...မင်းကိုလွမ်းကြောင်းတမ်းတကြောင်းကိုပြောပြဖို.
သူတို.လေးတွေနဲ့အတူ ကိုယ်စောင့်နေပါတယ်ကွယ်...
နေ.နေ.ညည မေ့ မရဘူး
သတိရတယ် တမ်းတတယ်....။
မင်းမျက်နှာလေး မမေ့ သေးတာ
ဓါတ်ပုံလေးများသိပါတယ် ......။
မင်းအသံလေး မမေ့ သေးတာ
ဆွဲလဲလေးများသိပါတယ် .......။
မင်းအနမ်းလေး မမေ့ သေးတာ
နှုတ်ခမ်းလေးများသိပါတယ်.....။
မင်းအမုန်းလေး မမေ့ သေးတာလည်း
မျက်ရည်လေးများ သိပါတယ်ကွယ်...........။
ကောင်းကင်ကြည်ပြာ...မြေကမ္ဘာမှာ
သာယာတယ်ဆိုတာတွေ..ပျောက်ကွယ်နေတယ်....။
တတိုင်းမွှေး။း
No comments:
Post a Comment