အချစ် ..ကိုလေ.. အချစ် မှန်း မသိခင်မှာ..
အချစ်ကိုထိမိသွား ခဲ့တယ်...လေ။
အချစ် ဆိုတာက..လာပြီးထိခဲ့ တာလား....
ကိုယ်ကဘဲ..သွားထိခဲ့တာလား......မသိလိုက်ဘူး။
အချစ်ကို ထိမိမှသိလိုက်ရတာ.....အချစ်ကြောင့်
ချစ်သူ..ဆိုတဲ့ ...နောက်ထပ်လူသားတစ်ဦးဖြစ်ပေါ်လာတယ်လေ။
အရင်ကသိဘူးမြင်ဘူးတဲ့ သူနဲ့ အချစ်နဲ့ ထိပြီးတဲ့ချစ်သူက
တစ်ယောက်ထဲ ပါဘဲ...ဒါပေမဲ့လုံးဝမတူတော့ ဘူး..လေ။
အချစ်က...ပူလား ..အေးလား ..ချိုလား ...ခါးလား သိချင်လား..။
အချစ်နဲ့ ထိပြီး...ဖြစ်ပေါ်လာတဲ့ချစ်သူက အချစ်သရဖူကိုဆောင်းလိုက်တော့
သူ့ ကိုဘဲ အချစ်လို့ ခေါ်လိုက်တာပါ.....
ချစ်သူဆိုတာ..ကိုယ့် ရဲ့အချစ်ပါဘဲ...ကိုယ့် ရဲ့အချစ်ကချစ်သူဘဲလေ...
ချစ်သူကိုလေ....ဧကရာဇ် တစ်ယောက်လိုလေးစားတယ်.....
ချစ်သူကိုလေ....သားသမီးလို...ကြင်နာတယ်..
ချစ်သူကိုလေ....လိပ်ပြာလေး လိုယုယတယ်....
ချစ်သူကိုလေ....ရတနာတစ်ခုလို...မြတ်နိုးတယ်....
ချစ်သူကိုလေ....ကိုယ့်ကိုကိုယ်ထက်ကိုပိုပြီး...ချစ်တယ်....
ချစ်သူက.......နေမကောင်းဘူးပြောရင်.....
ကိုယ်ကသမားတော်ကြီးဖြစ်ချင်နေတာ....
ချစ်သူက.......ဆာလိုက်တာလို့ပြောရင်...
ကိုယ်ကစားတော်ကဲကြီးဖြစ်ချင်တာ....
ချစ်သူက.......စာတွေခက်လိုက်တာလို့ပြောရင်...
ကိုယ်ကပါမောက္ခကြီးဖြစ်ချင် ပြန်ရော...
ချစ်သူက.......ပျင်းလိုက်တာလို့ ပြောရင်....
ကိုယ်ကလူရွှင်တော်တစ်ယောက် ဖြစ်ချင်သွားတယ်...
ချစ်သူက......ငိုချင်တယ်လို့ပြောခဲ့ရင်....
ကိုယ့် ရင်ခွင်က...မျက်ရည်လွင်ပြင်ဖြစ်ပါစေတော့ငိုပါနော်။
ချစ်သူက.......အပြင်ထွက်မယ်ဆိုရင်.....
ကိုယ်ကတော့ ကိုယ်ရံတော်တပ်မကြီးအဖြစ်...ကာကွယ်ချင်တာပါ...
ချစ်သူရဲ့လိုအင်တွေဘာမဆိုဖြည့်နှိုင်အောင်တခါတလေ...ဆုတောင်း နေမိတယ်..
ကိုယ်သည်မီးခွက်စောင့်ဘီလူးတစ်ကောင်ဖြစ်ရလိုပါ၏...လို....။
အချစ်နဲ့ထိမိရင်...သေချာတာကသတ္တိတွေရှိလာတယ်...
ချစ်သူရဲ့အသံ ကြားရဖို့ ....
ချစ်သူကို..မြင်ရဖို့ ..
ချစ်သူနဲ့ချက်တင်ထိုင်ရဖို့ ...ဆိုရင်...
ဘာမဆိုရင်ဆိုင်ရဲတယ်.....
အချိန်အကြာကြီးစောင့် နေနှိုင်တဲ့ သီးခံစိတ်ရှိလာတယ်...
ဘယ်အချိန်..ဘယ်နေရာမှာ...
ဘာတွေဘဲလုပ်လုပ်..
ချစ်သူရဲ့အရိပ်အငွေ့တွေရှိနေတယ်....
မြင်ချင်..ကြားချင်နေတယ်..
အမြဲတမ်းတမ်းတနေတာကတော့
......ချစ်သူရဲ့မ၀နှိုင်တဲ့......ချိုမြိန်သော...အနမ်းတစ်ပွင့်...ပါနော်..။
အကြောက်ဆုံးအရာကတော့အချစ်ကို...မထိ..ရတော့မှာကိုပါ...
ချစ်သူကို အပြင်မှာလည်းမတွေ့ ဖုန်းဆက်လို့ လည်းမရ....
အွန်လိုင်းပေါ်မှာလည်းမတွေ့တဲ့အချိန်တွေမှာ....
သားပျောက်တဲ့မိခင်လို ဆောက်တည်ရာမရ..
မောပန်းရှာဖွေ..စောင့် မျှော်နေရပေမဲ့
ချစ်သူနဲ့ဆုံတွေ့ရလို့ ....“ သိပ်ချစ်တာဘဲ...မောင်ရယ်..”
ဆိုတဲ့အသံလေးကြားရရင် ..
ကမ္ဘာ့တန်ဘိုးအကြီးဆုံး...ဆုတံဆိပ်တွေ
.တခါထဲ ရလိုက်သလို..၀မ်းသာပီတိဖြစ်နေရတာပါ....
အချစ်နဲ့ထိခဲ့ရင်..............................မပြောတော့ပါဘူးနော်..
သူငယ်ချင်းတို့လည်း...သိပြီးသားဖြစ်နေမှာပါ....နော်...
မထိရသေးရင်..အချစ်ကို..ထိကြည့် လိုက်ဖို့တိုက်တွန်းပါတယ် နော်..
အချစ် ..ကိုထိမိပြီးပြီ..ဆိုရင်တော့ ဆက်ပြီးထိနေကြပါဗျာ...နော်..
အချစ် ..ကိုလေ.. အချစ် မှန်း မသိခင်မှာ..
အချစ်ကိုထိမိသွား ခဲ့တယ်...လေ။
ကြိုးစားပါဦးမယ်...
တတိုင်းမွှေး။ ။
No comments:
Post a Comment