''ဟေ့....မထကြသေးဘူးလား....မိုးလင်းနေပြီ..ညဆိုတော်ရုံနဲ့မအိပ်ဘူး...ငါလေ.....”
.တင်ပါးကိုခပ်နာနာရိုက်ချက်နဲ့အတူကြားနေကြအသံကြောင့်..ငတိုးလူးလဲထလိုက်၏။
..ဆက်အိပ်လျှင်လက်အစားတုတ်ထိခံရမည်ကိုသိ၍လည်းဖျက်ကနဲထလိုက်ခြင်းဖြစ်သည်။
ပြီးတော့ဆက်တိုက်ပင်အနားတွင်အိပ်နေသော ခင်ထားနှင့်အောင်လေး
ကိုဆွဲထူပြီးနှိုးလိုက်သည်။
ငတိုးက(၁၂)...နှစ်ရှိပြီး....ခင်ထားက(၁၀)နှစ်....အောင်လေးကတော့(၆)နှစ်......
“ ငတိုးရေမရှိဘူး...မင်းအရင်ရေသွားသယ်လိုက်ဦး....ခင်ထားကဆန်ဆေးဖို့လုပ်တော့...
.ငအောင်...နင်ကငတိုးနဲ့လိုက်သွား...”
အဘသော်ကပြောပြီးတဲပေါ်ကဆင်းသွားသည်.....ငတိုးကငိုက်နေသောကလေးနှစ်ကောင်ကို
ထပ်ပြီးနှိုးလိုက်သည်.....နှိုးလာသောခင်ထားကထပြီးတဲဒေါင့်မှာရှိသောအိုးကို.ယူပြီး..ရေအိုး
နားမှာအိုးဆေးနေသည်....ငတိုးကအောင်လေးရဲ့လက်ကိုဆွဲပြီးရေထမ်းပုံးကို
ယူကာလမ်းထိပ်ကရေတွင်းရှိရာထွက်လာခဲ့သည်။
*********
“ ကိုတိုးဗိုက်ဆာတယ်..”
ဒါကမနက်တိုင်းအောင်လေးပြောနေကျစကား...
.ရေကန်မှာကလေးသုံးယောက်ရှိနေသည်...ငတိုးကိုမြင်လျှင်.
''ဟေ့ကောင်ငတိုး ဒီနေ့မီးသွေးသယ်ရင်လိုက် မလား...”
“ .မင်းတို့ဘယ်နှစ်ယောက်လဲ...”
“ နှစ်ယောက်ပဲကွ..ငါလှည်းပြောထားတယ်....တော်ကြာသွားယူတော့မှာ"
ငတိုးတွက်လိုက်သည်..လှေဆိပ်ကနေမီးသွေး ဆိုင်ကိုသယ်လျှင်မီးသွေးတစ်အိတ်(၁၀၀)ရသည်...
(၅)အိတ်ဆိုလျှင်(၅၀၀) လှည်းခ..ကတစ်ခေါက်တိုက်(၂၀၀)ဆိုလျှင်တစ်ယောက်(၁၀၀)ရသည်။
မဆိုး...(၇)ခေါက်လောက်သယ်ရလျှင်(၇၀၀)ရမည်...။
******
“.မင်းတို့လှည်းကြီးရ အောင်ယူလာနော်....ငါတဲကစောင့်နေမယ်....”
“ ကိုတိုး...ဗိုက်ဆာတယ်....”
ငအောင်ကငတိုးရဲ့လက်ကိုလှုပ်ပြီးပူဆာပြန်သည်....။
“ ချမ်းသာ...နင့်မှာပိုက်ဆံ(၅၀)ပါရင်ချေးပါလား..ငါဒီနေ့လှည်းပြန်လာရင်ပေးမယ်...
ချမ်းသာမျက်နှာကိုရှုံ.မဲ့ပြီး..“ .ရော့...စောစောစီးစီးနင့်ငအောင်ကပူဆာနေတယ်ဟုတ်လား...ရော့...”
ငအောင်ကိုဒေါ်ညိုတဲကဘိန်းမုန်(၅၀)ဖိုးဝယ်ကျွေးပြီးရေထမ်းပြီးပြန်လာခဲ့သည်။
“.ငတိုး..နင်ရေထမ်းသွားတာ..တမေ့ဘဲ..နင်ရထားလမ်းသွားမှာလား...”
ငတိုးဟာရေထမ်းကိုခင်ထားနားမှာချပေးပြီး.....
"မသွားဘူး..ချမ်းသာတို့နဲ့မီးသွေးတွန်းမှာ ”
“.ဒါဆိုခင်ထားနဲ့ငအောင်အမှိုက်သွားကောက်ပေါ့...”
ဘကြီးသော် ကပြောပြောဆိုဆိုဂျိုင်းထောက်ကိုလှန်းယူလိုက်ပြီး.. .
“ ငါခဏနေပြန်လာမယ်...ခင်ထားထမင်းချက်ထား....”
ဘကြီးသော်ဂျိုင်းထောက်နဲ့ လမ်းထိပ်ဘက်ထွက်သွားသည်ကိုလှမ်းကြည့်လိုက်သည်၊၊
*********************
ဘကြီးသော်ဘယ်ကိုသွားမည်ကိုသူသိသည်....။
အရက်ဖြူဆိုင်တွင်အရက်(၁၀၀)ဖိုးချမယ်ပြီးလျှင်ဈေး ဘက်ထွက်ပြီး
ငပိနှင့်စားစရာအချို့ကိုဝယ်မည်...ခင်ထားကထမင်းအိုးထဲဆန်ခပ်ထည့်နေပြီ..
“ ဆန်ကဒီမနက်စာပဲရှိတယ်ကိုတိုး...”
ငတိုးကခေါင်းညိမ့်ပြပြီးငအောင်ကိုတဲပေါ်မတင်လိုက်သည်၊
“ ငအောင် နင့်ဖိနပ်ကော"...ငအောင်ကခေါင်းခါပြသည်..ပျောက်ပြန်ပြီ..
ငအောင်အတွက်ဖိနပ်တွေကသူစုထားသည်မို့တော်သေးသည်။
ကိုတိုး ခင်ထားဖိနပ်လည်းပျက်သွားပြီ..ငတိုးတဲအောက်သို့ငုတ်ကြည့်လိုက်သည်။...နိုင်လွန်ကြိုးအစ
တစ်ခုကို တွေ့တော့အသာအယာဆွဲယူလိုက်သည်။ ထွက်လာပါပြီ သူသွားရင်းလာရင်းတွေ့သည်.
ဖိနပ်များကိုစုထားသည့်ဖိနပ် အတွဲကြီး...ကြိုးစအစကိုဆွဲထုတ်လိုက်တော့ဖိနပ်များပြန့်ကျဲသွားသည်။
"ကိုတိုး...အနီလေးယူမယ်....”
ငအောင်ကတဲပေါ်မှဝမ်းလျားမှောက်ရင်းအော်လိုက်သည်။
ကိုတိုးကဖိနပ်များကိုလိုက်တွဲကြည့်သည့်နောက်တစ်ရံရသွားသည်။...ဘယ်ဘက်ကညာဘက်ထက်
နည်းနည်းလေးပိုထူတာကလွဲရင်အရွယ်တူသည်...နောက်ခင်ထားအတွက်ထပ်ရွေးပေးသည်။
.တော်ရုံနဲ့မရ...နောက်မှဖော့ဖိနပ်နှစ်ဖက်ကသွားတူသည်...ညာဘက်ကနည်းနည်းအရောင်
ရင့်ပြီးဘယ်ဘက်ကနည်းနည်းပါးသည်။...ကိစ္စမရှိစီးလိုက်လျှင်မသိတော့....သူကတော့
မီးသွေးသွားတွန်းရမည်ဖြစ်၍ဖိနပ်မလို..လှေဆိပ်မှာဖိနပ်နဲ့ဆိုအဆင်မပြေ..
အောင်လေးနဲ့ခင်ထားကတော့အသစ်ရလာသော ဖိနပ်များကိုကြည့်ပြီးပျော်နေကြသည်။
**************************
“ ခင်ထား..နင့်ဖိနပ်အဟောင်းကော ”
“ ငါအနဲဆိုင်မှာပလပ်စတစ်သွားရောင်းတုန်းကထည့်လိုက်တယ်..”
ခင်ထားနဲ့အောင်လေးကတစ်နေကုန်ပလပ်စတစ်ကောက်ကြသည်.....ပလပ်စတစ်ကောက်တယ်ဆိုပေ
မယ့်နို့ဆီခွက်တို့ဘီယာဘူးခွံတို့အအေးဘူးခွံတို့ပါကောက်ကြသည်။ .ညနေဈေးအနောက်ကအနဲကြီး
လို့ခေါ်တဲ့ကုလားဆီမှာသွားရောင်းကြသည်။.ပေးတဲ့ဈေးနဲ့ပေးသလောက်ယူကြသည်...
(၆)ပိသာလောက်ရှိတဲ့အိတ်ကိုအနဲချိန်လျှင်(၅)ပိသာမပြည့်..ဒီတော့ကလေးတွေလည်းအကြံဖန်လုပ်
ကြသည်....အချို့ဘူးထဲခဲတွေညှပ်ထည့်သည်။
မိလျှင်တော့တစ်မျိုးလုံးကုန်အောင်အဆဲခံရတော့သည်။.နို့ဆီခွက်တွေပိန်ရှုံနေလျှင်ဈေးလျော့ပေးသည်။
ဝယ်ပြီးလျှင်တော့အားလုံးကိုသူထုပြီးပြားလိုက်သည်...သံတိုသံစတွေလည်းရောင်းလို့ရသည်မို့ကလေး
တွေက ရောင်းလို့ရမည့်ပစ္စည်းကိုကျွမ်းကျင်ပြီးသား....ခဏနေတော့အဘသော်ပြန်လာသည်။
လက်ထဲမှာကန်စွန်းရွက်တစ်စည်း....ငပိတစ်ထုတ်ပါလာသည်။
**************
“ နင်တို့တွေပဲစားလိုက်တော့..ငါဘုန်းကြီးကျောင်းမှာသွားစားမယ်..ပြီးရင်သွားကြတော့..”
အဘသော်ကပြောပြီးတာနဲ့ပြန်ထွက်သွားသည်.ခင်ထားကထမင်းအိုးမှထမင်းတွေကိုမျှထည့်လိုက်သည်။
နောက်အိုးကိုဆေးပြီးငပိထည့်ပြီးပြန်တည်လိုက်သည်။ခုနကထမင်းအိုးကခုတော့ငပိအိုးဖြစ်သွားလေပြီ။
ငပိကျက်တော့ ငပိအိုးကိုအလယ်မှာချပြီးငရုတ်သီးမှုန့်ကိုတစ်ထုတ်လုံးဖြူးချလိုက်သည်။
“ကိုတိုး ခဏနေဦး”...ခင်ထားကခေါင်မိုးကြားကအထုတ်တစ်ထုတ်ဆွဲထုတ်လိုက်သည်။
စက္ကူပတ်လေးကိုဖြေလိုက်တော့အာပြဲခြောက်(၃)ကောင်ဖုတ်ပြီးသား...ညကဘသော်တို့သောက်ပြီး
လို့ကျန် တာ...ပြီးတော့ရေဆေးထားတဲ့ကန်စွန်းရွက်အလယ်မှာချပြီးထမင်းနဲ့တို့စားကြသည်။
ငတိုးကသူရတဲ့ငခြောက်ကို တစ်ပိုင်းပဲစားပြီးအောင်လေးကိုပေးလိုက်သည်။ထမင်းကစား၍မြိန်သည်။
ထမင်းစားပြီးသုံးယောက်သားထွက်လာကြသည်။
“နင်..အောင်လေးကိုရထားလမ်းမခေါ်သွားနဲ့သူများတွေအနိုင်ကျင့်နေမယ်...”
တခါတရံသူတို့လေးတွေရထားလာလျှင်လမ်းဘေးမှာရပ်ပြီးလက်လေးတွေပြကြသည်။
ရထားပေါ်ကခရီးသည်တွေက(၅၀)တန်(၁၀၀)တန်များပစ်ချပေးသောအခါခလေးအုပ်မှာ
ဖုတ်အလူးလူးနဲ့ခွေးများကဲ့သို့လေထဲကပိုက်ဆံတစ်ရွက်ကိုလုကြရသည်။
*****************
“ ငါဒူးပြဲသွားပြီးကတည်းကမကောက်တော့ဘူး....”
ခင်ထားကပြန်ဖြေရင်းမွေခွန်အိတ်များထပ်ချီလိုက်သည်....
“ သူများအိမ်ဝင်းထဲလည်းဝင်မကောက်နဲ့နော်...”
ငတိုးကစိတ်မချနိင်သေး...ထပ်မှာပြန်သည်....သူတို.လို ပလပ်စတစ်ကောက်တဲ့သူတွေကအိမ်ဘေး
အိမ်အောက်မှာ ပစ်ထားတတ်သောရေသန့်ဘူးခွံများကုလားထိုင်အပျက်များကိုလိုချင်ကြသည်။
အိမ်ရှင်တွေကတော့အမှိုက်ဖြစ်ပေမယ့်သူတို့ကတော့လိုချင်ကြသည်။သွားတောင်းလျှင်ပစ္စည်းခိုးမှာ
စိုးသောကြောင့်ပေးမကောက်ကြမီးရှို့ပစ်ကြသည်...အမှိုက်ကားလာလျှင်ပစ်လိုက်ကြသည်။
************************
သူတို့မျက်စိထဲမှာဒီကလေးတွေကိုသူခိုးတွေလို့မြင်နေကြသည်။မရှိခိုးနိုးဆိုတာမှန်ပါသည်။
တစ်ခါကငတိုးခြံအပြင်တွင်ပစ်ထားသော ကလေးစီးသုံးဘီးစက်ဘီးအစုတ်ကိုကောက်ခဲ့ဖူးသည်။
ဘီးတစ်လုံးမှမပါ။ဒါကိုဘေးခြံကမိန်းမက “ သူခိုးလေး.သူခိုးလေးဝင်ခိုးသွားပြီ” လို့အော်လို့လူတွေဝိုင်း
ထွက်ဖမ်းပြီးဂုတ်ဆွဲထားသည်။တစ်ယောက်တစ်ချက်ဆိုသလိုကနားရင်းကိုပိတ်အုပ်လိုက်သေးသည်။
အိတ်တွေထဲလည်းမွှေနှောက်၍ရှာသည်။ နောက်မှ အိမ်ရှင်ကပစ်ထားတာပါပြောမှလွှတ်ပေးလိုက်
ကြသည်။ နောက်ကပြောလိုက်သေးသည်။
“ ကလေကချေတွေ.....နောက်တစ်ခါဒီလမ်းထဲမှာတွေ့ရင်နာမယ်..” တဲ.
`ကိုတိုး....အဲ့ဒီလိုဘောင်းဘီဝယ်ပေးမယ်ဆို ´
.အောင်လေးပြရာကိုကြည့်လိုက်တဲ့အခါ..ခြံဝင်းအတွင်းကချာတိတ်လေးတစ်ယောက်
အောင်လေးနဲ့ရွယ်တူပင်...ပုံကတော့ခြားနားသည်။
ကောင်လေးကရှပ်အကျီင်္အဖြူ..ဘောင်းဘီအစိမ်းလေးနဲ့ခေါင်းကဆံပင်ကိုကြော့နေအောင်ဖီးထားသည်
...ခြေထောက်မှာဘွတ်ဖိနပ်အမဲလေးစီးထားပြီးခြေစွပ်အဖြူလေးနဲ့အင်မတန်မှလှသည်။
..ဘေးမှာဖွားအေထင်ရတဲ့သူတစ်ယောက်က ၀က်ဝံပုံကျောင်းလွယ်အိတ်ကိုကိုင်ထားပြီး
မိခင်လုပ်သူကထမင်းဘူးကိုဖွင့်ပြီးကြည့်နေသည်။ခဏကြာတော့အိမ်တွင်းမှခလေးမလေး
တစ်ယောက်မုန့်ထုတ်တစ်ထုတ်ယူလာပြီးမိန်းမကြီးကိုရိုရိုသေသေလက်နှစ်ဖက်နဲ့ကမ်း
ပေးလိုက်သည်။
မိန်းမကြီးကမုန့်ထုတ်ကိုဖင်ပြန်ခေါင်းပြန်ကြည့်ပြီးနမ်းကြည့်လိုက်သည်။
.နောက်တော့ဒေါသဖြင့်ကောင်မလေးခေါင်းကိုဒေါက်ခနဲခေါက်ထည့်လိုက်ပြီး..မုန့်ထုတ်ကိုလက်ညှိုး
ထိုးပြီးဆူနေသည်။ထို့နောက်မိန်းမကြီးသည်မုန့်ထုတ်ကိုခြံဝင်းအပြင်လွင့်ပစ်လိုက်လေတော့သည်။
မုန့်ထုတ်လေးသည်လေထဲတွင်လည်ပြီးခြံပြင်မြောင်းစပ်တွင်ဘုတ်ကနဲပြုတ်ကျလာသည်။
မုန့်ထုတ်၏သုံးပုံတစ်ပုံလောက်ကဗွက်ထဲတွင်နစ်နေသည်။မုန့်ထုတ်ပြုတ်ကျသံကြောင့်
ခြံဘေးနားတွင်အိပ်နေသောနို့တွဲလောင်းနဲ့ခွေးမသည်လန့်၍ထပြေးသွားသည်။နောက်တော့ခွေးမ
သည်ရပ်လိုက်ပြီးမုန့် ထုတ်ရှိရာကိုအနန့်ခံရင်းဖြေးဖြေးပြန်ကပ်လာသည်ခွေးနက်မနဲ့အပြိုင်မုန့်ထုတ်
နားပြေးသွားသူကခင်ထား...ခင်ထားကသွက်သည်...မုန့်ထုတ်နားသို့အတင်းဇွတ်အ၀င်ခွေးမ က
သွားဖြဲပြီးဝေါင်းကနဲဟောင်လိုက်သည်။
ခင်ထားလန့်ပြီးနောက်အဆုတ်ခဲတစ်လုံးသည်ခွေးနက်မရဲ့
ဗိုက်ကို"ဘုတ်"ကနဲလာမှန်၍ခွေးနက်မထွက်ပြေးသွားသည်။ငတိုး၏လက်ချက်ပင်....ခင်ထားကမုန့်ကို
ဆွဲယူလိုက်သည်။
မုန့်ထုတ်ကဖေါက်ပြီးသား..မုန့်(၃)ချပ်စာခန်.လျော့နေသည်....တော်သေးသည်..
ဗွက်ထဲသို့ဖင်ထိုင်နဲ့ကျပေလို့.....ပေနေသောဗွက်များကိုငတိုးကသူ့လုံခြည်နဲ့သုတ်လိုက်သည်..
အထဲတွင်မုန့်တွေကိုမြင်နေရပြီ....ပုရွက်ဆိတ်နဲနဲတက်နေသေးသည်မို့ငတိုးကလမ်းဘေးမှာခါလိုက်
ပြီးနောက်အောင်လေးနဲ့ခင်ထားကိုမုန့်(၄)ခုဆီထုတ်ပေးလိုက်သည်။
မိမိလည်း(၄)ခုယူအပြီး"အီ"ဆိုသော အသံကြောင့်လှည်.ကြည်.လိုက်တော.ခွေးနက်မက...
မလှမ်းမကကမ်းမှာငတ်မွတ်တပ်မက်သောမျက်လုံးများနဲ့မျှော်နေသည်ကိုငတိုးမြင်ရ၍အိပ်ထဲမှာ
ကျန်နေသောမုန်.သုံးလေးလခုအားပစ်းပေးလိုက်လေသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ညနေတဲသို. ငတိုးစောစောပြန်လာသည်၊
ဒီနေ.အလုပ်ကကောင်းသည်မီးသွေးသယ်သည်က(၇၀၀)လောက်ရခဲ.သလိုဦးလေးသော်အလုပ်
လုပ်နေသောဖဲဝိုင်းထောင်သည်.အိမ်ကအရက်ဝယ်ပေးလို.မုန်.ဖိုး(၅၀၀)ရလိုက်၏ကားသမားနှစ်
ယောက်ကိုမကောင်းတာလုပ်စားနေသောအိမ်ကိုလိုက်ပြပေး၍လည်း(၅၀၀)ရလိုက်သေးသည်။
ဆန်တစ်ပြည်ဝယ်ပြန်လာပြီး( လေးဘူး)ကိုချက်ထားလိုက်သည်။
နောက်တဲထောင်.မှာမှီနေရင်းမိမိတို့ဘ၀ကိုစဉ်းစားနေမိသည်။
ငတိုးကိုလေးနှစ်သားလောက်တုန်းက ဦးလေးသော် ပဲခူးဘူတာ
မှာရောင်လည်လည်ဖြစ်နေ၍ခေါ်ခဲ့သလို....ခင်ထားကိုတော့လူတစ်ယောက်ငါးထောင်နဲ့လာရောင်း
သွားသည်။ဘူတာကြီးကတွေ့လာတာလို့တော့ ပြောသံကြားသည်။
အောင်လေးကတော့ဦးလေးသော်တူမကလာအပ်သွားသည်။သူများတွေလိုမျိုး..ငတိုးတစ်ယောက်
ယောက်ကို..အဖေ...အမေလို့ခေါ်ကြည့်ချင်သည်။တခါတရံတော့စိတ်ထဲကခေါ်ကြည့်မိသည်။
မိမိကိုသားလို.ခေါ်မည့်သူကိုလည်းတမ်းတမိသည်။
`ကိုတိုး..ရေကိုတိုး.....ဒီမှာခင်ထားသံစူးလာတယ်...´
အောင်လေးအသံကြောင့်ငတိုးခေါင်းထောင်ကြည့်လိုက်တော့ခင်ထားထော့နဲ့ထော့နဲ့နဲ့ အောင်လေး
ကိုတွဲလာသည်။လက်ထဲမှာတော.မြွေခွံအိပ်နှင်ပတ်ထားသောငပိထုတ်နှင့်မျှစ်ပြုတ်တစီး။
ခင်ထားကခါးပိုက်ထဲမှငြပ်သီးထုတ်နှင့်သံပုရာသီးတစ်လုံးကိုထုတ်ပေးသည်။ခင်ထားညာဘက်ခြေ
ထောက်မှာတော့အ၀တ်စုတ်နဲ့ပါတ်ထားသည်။သွေးစလေးနဲနဲတော့ရှိနေသည်။
` ကိုတိုးငါ့ကိုသံပုရာသီးမီးဖုတ်ပေး နော် သံဆိပ်မတက်အောင်အနာကို
ပွတ်ပေးရတယ်တဲ့ ခုနကချမ်းသာတို့အမေပြောလို့ ”
` အေး အေး နင်ရေချိုးပြီးနားလိုက်တော့ ဘယ်မှာသွားစူးတာလည်း ´
` မီးလောင်ဆန်စက်နားမှာ...ငါသံချောင်းတွေသွားတူးတာဟ...ရော့ပိုတဲ့
ပိုက်ဆံ...အောင်လေးကိုမုန့်ဝယ်ကြွေးလိုက်လို့”´
ခင်ထားရေချိုးပြီးတော့ငတိုးအနာကိုသံပုရာသီးမီးဖုတ်နှင့် ပွတ်ပေးသည်။အနာဝကလက်သည်း
ခွန်သာသာလေးသာရှိသော်လည်းနဲနဲတော့နက်သည်ထင်။ခြေဖမိုးတွေတောင်ရောင်နေသည်။ငတိုး
အနာကပ်ပလာစတာတခုဝယ်ကပ်ပေးပြီးသုံးယောက်သားထမင်းစားကြသည်။ညနေငါးနာရီခွဲလောက်
အဘသော်ပြန်လာပြီးခေါင်းရင်းကပိုက်ဆံထုတ်ကိုခါးပိုက်ထဲထည့်.ပြီးအရက်ဆိုင်
သို့ပြန်ထွက်သွားသည်။
ညရှစ်နာရီလောက်မှာ ခင်ထားညဉ်းနေသံကြားလိုးစမ်းကြည့်လိုက်တော့ကိုယ်
ကခြစ်ခြစ်တောက်ပူနေသည်။အောင်လေးကတော့အိပ်မောကြနေလေပြီအောင်လေးခြေထောက်တွင်
နားနေသောခြင်နှစ်ကောင်ကို ငတိုး`ဖြန်း´ ကနဲရိုက်လိုက်တာတောင်အောင်လေးကမနိုး၊လက်ဝါး
မှာတော.ခြင်နှစ်ကောင်ရဲ့သွေးတွေကရဲနေသည်။ ငတိုးခေါင်မိုးကြားမှာဖွက်ထားသောငါးရာတန်
တချပ်ကိုယူပြီးလမ်းထိပ်ကကွမ်းရာဆိုင်မှာအဖျားကျဆေးတစ်ထုပ်ဝယ် လာပြီးခင်းထားကိုနှိုးတော.
ဘယ်လိုမှနှိုးမရ..
ငတိုးလုပ်မတတ်တော့...တဲနီးနား ကသူတွေပြေးခေါ်သည်။ချမ်းသာတို့အမေက.....
` ငတိုးနင်ဘသော်ကိုသွားခေါ်စမ်း ဒီမှာခင်ထားတက်နေတယ်လို့ ´
အဘသော်ကတော့အရက်ဆိုင်မှာမှောက်နေလို့မနဲခေါ်လာရသည်။အဘသော်ရောက်လာတော့
လည်းနှိုးမရသွားများကိုစိပြီးတက်နေသည်။တဲနီးချင်းများလည်းရောက်လာကြသည်။နောက်တော့
ခင်ထားကိုထမ်းပြီးဆေးရုံခေါ်သွားကြသည်။သုံးနာရီပင်ထိုးနေလေပြီ။ငတိုးကတော့အောင်လေးနဲ့
နေခဲ့ရသည်။ မနက်လေးနာရီကျော်ကျော်လောက်မှာအဘသော်တို့ ပြန်လာကြသည်။
ခင်ထားလည်းပါလာသည်။ဒါပေမဲ့ခင်ထားမှာအသက်ပါမလာတော့ ပေ။
`မေးခိုင်ပိုးဝင်တာလို့ ပြောတာဘဲ..´
ချမ်းသာတို့အမေပြောသံကြားရသည်။
ခင်ထားအတွက်ငိုပေးတဲ့ သူဆိုလို့ငတိုးနဲ.့ အောင်လေးသာရှိသည်။ခင်ထားကိုရေချိုးပေးပြီးတဲပေါ်
တွင်ထားသည်။မျက်နှာတွင်သနပ်ခါးများဖွေးနေအောင်လိမ်းထားပေးသည်။ခင်ထားအသက်ရှင်နေ
တုန်းကတခါမှအခုလိုမျက်နှာကိုလိမ်းချယ်ခွင့်မရ နာရေးအသင်းမှငှားထားသောခေါင်းအုံးဖြူဖြူ
မျိုးပေါ်မှာလည်းအိပ်ခွင့်မရခဲ့။ခင်ထားသေမှပင်ဒီလိုနေရတော့သည်။နေ့လည်မှာအဘသော်နဲ့
လူနှစ်ယောက်ဈေးစကားပြောနေသံကိုကြားနေရသည်။
`သုံးပါးပင့် ပေးမယ်...အချိုဘူးပေးမယ်..နှစ်သောင်း..အဲ..တပါးဘဲပင့်မယ်ကွာ
ဘာမှမပေးဘူးလေးသောင်း...ရက်လည်ကတော့ မုန့်ဟင်းခါးဘဲ´
`လေးသောင်းပေးကွာအချိုဘူးတော့ ထည့် ပေးပေါ့ ”
ငတိုးအံကိုကြိတ်မိသည်။အဘသော်ကခင်ထား၏အသုဘကိုပင်ရောင်းစားလိုက်ပြီပင်။
ထိုလူများကအသုဘမှာဖဲဝိုင်းထောင်မည်။အကောက်ကောက်မည်။အသုဘချနှင့်ရက်လည်
တွင်ဘုန်းကြီးတစ်ပါးပင့်ပေးမည်။မုန်ဟင်းခါးခပ်ကြဲကြဲကြွေးပေးမည်။မသာအတွက်စရိတ်အား
လုံးတာဝန်ယူမည်။အဘသော်ကတော့ငါးထောင်နှင့်ဝယ်ထားသောခင်ထားကိုလေးသောင်းနှင့်
ရအောင်ရောင်းလိုက်သေးသည်။
ညမှာတော.တဲပါတ်ဝန်းကျင်တခုလုံးမီးတွေလင်းနေသလိုဖဲသမားများရဲ့မူးနေ
သံများရီသံများဖဲရိုက်သံများစီစီညံနေတော့သည်။အဘသော်ကတော့မူးမူးနှင့် ဖဲရိုက်နေသည်။
ခင်ထားရဲ့အလောင်းဘေးမှာတော့ဖရောင်းတိုင်တစ်ချောင်းပင်ထွန်းပေးမည့်သူမရှိ။ငတိုးအဘ
သော်ကိုကြည့်ရင်းစဉ်းစားနေသည်။မိမိနောင်တချိန်မှာဘာဖြစ်လာမှာလည်း။ခါးသိန်းနိုင်လိုလူမိုက်
လား။ကြိုင်ကြီးလိုခေါင်းလား။အဘသော်လိုအရက်သမားလား။အောင်လေးကကော.......။
ခင်ထားမသေရင်ကောဘယ်လိုမိန်းမမျိုးဖြစ်လာမှာလည်း။
ငတိုးဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီးခင်ထားအလောင်းဘေးမှာခွေခွေလေး
အိပ်နေသောငတိုးကိုပခုံးပေါ်ထမ်းလိုက်သည်။ခေါင်းရင်းကအဘသော်လွယ်အိပ်ထဲကငွေအချို့
ကိုနှိုက်ယူပြီးထွက်လာခဲ့တော့သည်။ဖဲသမားတို့ရဲ့အသံများနဲ့အမှောင်ထုသည်အနောက်မှာကျန်ခဲ့သည်။
နေရစ်တော.ခင်ထားရေ.........အကုသိုလ်ရပ်မှာနေခဲ့ တော့လို့စိတ်ထဲကပြောလိုက်သည်။
ရှေ့နားမှာမီးရောင်မြင်ရပေပြီ။ကားလမ်းမရောက်တော့မည်။အောင်လေးကတော့
ပုခုံးပေါ်မှာအိပ်လို့ကောင်းနေတုန်းနောက်သို့လှည့် ပြီးကြည့်လိုက်တော့
ခင်ထားကလက်ကလေးပြပြီးနှုတ်ဆက်နေသရောင်ပင်။
“ နေခဲ့ တော....ခင်ထားရေ.....နေခဲ့တော့...ဟ ”
++++++++++++++++++++++++++++++
သူငယ်ချင်းတို.ရေ...ခြောက်နှစ်သားလေးကိုလက်ဆွဲပြီးအိမ်ကြိုအိမ်ကြားမှာ..အမှိုက်ပုံတွေ
နားမှာ....နောက်ဖေးလမ်းကြားတွေထဲမှာ...ရောင်းစရာလေးတွေကိုလိုက်လံရှာဖွေနေတဲ့မိဘမဲ့အဲဒီ
ကလေးတွေကို...ဆုံမိ မြင်မိခဲ့ ရင်တတ်နှိုင်သလောက်ကူညီပေးလိုက်ကြပါနော်.............။
အမိအဖတို.၏အရိပ်အောက်မှာအေးချမ်းပျော်ရွှင်စွာကြီးပြင်းလာကြသောကျနော်တို့သည်မိဘ
တို့၏ကျေးဇူးကိုသိတတ်ကြပါစို.နော်.....
ဆက်လက်ကြိုးစားပါဦးမည်....။
တတိုင်းမွှေး။ ။12-7-2012
(ကိုယ်တိုင်ဖန်တီးတင်ပြပါသည်။)
No comments:
Post a Comment