Wednesday, October 30, 2013

ဘာသာခြားကို ယူမည်ဆိုလျှင်





      “ရော့    ဟေ့ ငတ  ”

  ဇရပ်ပေါ်အရောက်မှာ ဦးမောင်က စာအုပ်တစ်အုပ်ကိုကမ်းပေးလိုက်လို့ ကျနော်လှမ်းယူလိုက်သည်။

 စာအုပ်ကသေးသေးပါးပါးလေး.....

 “ ဦးမောင်....ပြန်ရောင်းတာလား....မ၀ယ်ဘူး..”

  “အလကားပေးတာဟ..သေသေချာချာဖတ်...ပြီးရင်..မင်းရဲ့ အချစ်ကိုကိုးကွယိသူတွေ

   ကိုလည်းသိအောင်ပြန်ရေးတင်လိုက်...သိလား”

“  အာ.....ဦးမောင်ကလည်းသိရဲ့ သားနဲ့  ကျနော့ပရိသတ်ကဒါမျိုးမကြိုက်ဘူး...လေ..”

“ကြိုက် ကြိုက်မကြိုက်ကြိုက်ကွာ...မင်းကမြန်မာဆိုလျှင်...မင်းပြောပြထားဖို့လိုတယ်လေ”

 ဦးမောင်ကတကယ်အတည်ကြီးပြောနေတော့...ကျနော်မျက်နှာပိုးသတ်လိုက်ရသည်။

တကယ်တော့စာပေနှင့်ပါတ်သက်လျှင်ဦးမောင်ကကျနော့ဆရာဆိုလျှင်မမှား။
 
စာအုပ်ကအစိမ်းရောင်လေး။မျက်နှာဖုံးမှာပုဂံသူရဲကောင်း

တစ်ယောက်လှံကိုင်ရပ်နေသည်။

         စာပေဗိမာန်ဆုရစာမူ

မြန်မာ့အိမ်သူမြန်မာ့မူစာအုပ်မှ

အမျိုးပျောက်မှာ စိုးကြောက်ပါတော့သည်

           ဦးအေးချို( မဟာဝိဇ္ဇာ)

 ကျနော်တစ်ညလုံးထိုင်ဖတ်သည်။မရှင်းတာကိုပြန်ပြန်ဖတ်သည်။ဖတ်နေရင်းသူငယ်ချင်း

တွေကိုပြောပြချင်လာသည်။နည်းနည်းချင်းခွဲပြေပြပေးပါမည်။သိရှိပြီးလျှင်ပါတ်ဝန်းကျင်

ကသူများကိုလက်ဆင့်ကမ်းပေးကြပါကုန်။ယခုထိုစာအုပ်စာမျက်နှာ( ၅၀ ) မှ( ၆၂ )ထိ

တင်ပြပေးလိုက်ပါသည်။နောင်အလျှင်းသင့်လျှင်ထပ်မံတင်ပြပေးပါမည်။

         

   အသွင်မတူအိမ်သူမဖြစ် ဘာသာမတူလူမျိုးမတူသောပြသနာများ ကိုဆက်လက်လေ့လာသော်

အောက်ပါအတိုင်းတွေ့ရပါသည်.။ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတစ်ဦးသည် အစ္စလမ်ဘာသာ

ဝင်တစ်ဦးနှင့်လက်ထပ်ခဲ့သော် မည်ကဲ့သို့ ဆုံးဖြတ်ခဲ့ကြသည်ကိုဦးစွာတင်ပြလိုပါသည်။

                  အစ္စလာမ်တရားဥပဒေအရအစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦးသည်

အစ္စလာမ်ဘာသာဝင်မဟုတ်သော အမျိုးသားတစ်ဦးနှင့်တရားဝင်ထိမ်းမြားမှုမပြုနိုင်ပေ။

သို့သော်အစ္စလာမ်ဘာသာဝင်ယောကျာင်္းတစ်ဦးသည် အစ္စလာမ်ဘာသာဝင်အမျိုးသမီး

များအပြင်  “ကီတာဘီယာ“ခေါ်ရှေးကျမ်းစာများကို   လက်ခံသောအမျိုးသမီးများနှင့်လည်း

တရားဝင်ထိမ်းမြားလက်ထပ်နိုင်သည်။ အစ္စလာမ်ဘာသာဝင်အမျိုးသားတစ်ယောက်သည်

ကီလာဘီယာမဟုတ်သောအမျိုးသမီး(ဥပမာနတ်ရုပ်တုကိုးကွယ်သူ။မီးကိုးကွယ်သူ)

တစ်ဦးဦးနှင့်ထိမ်းမြားခြင်းမရှိပေ။


                   သို့ရာတွင်အကယ်၍ထိမ်းမြားမိပါကယင်း ထိမ်းမြားမှုသည် နည်းလမ်းမကျမှု

သာဖြစ်ပြီးပျက်ပြယ်ခြင်းမရှိပေ။    ကီတာဘီယာခေါ်ရှေးကျမ်းစာများကို  လက်ခံသောအမျိုး

သမီးဆိုသည်မှာစကြ၀ဋ္ဌာအလုံးစုံကို ဖန်ဆင်းတော်မူသောထာဝရဘုရားသခင်သည်လက်ရှိ

အစ္စလာမ်ဘာသာဝင်များလက်ဝယ်ရှိကုရ်အာန်ကျမ်းတော်မြတ်၏အရင်တောင်ရက်။ဇဘူရ်။

အိန်ဂျီလ်စသည့်  ကျမ်းစာများကိုလူသားတို့အပေါ်  လမ်းညျွန်အဖြစ်ပေးခဲ့သည်။

                          အဆိုပါထာဝရဘုရားသခင်၏ရှေးကျမ်းစာများကိုလက်ခံလိုက်နာသော

အမျိုးသမီးများကို“ကီတာဘီယာ” ဟုခေါ်သည်။ ခရစ်ယာန် သို့မဟုတ် ဂျူး အမျိုးသမီးများကို

ကီတာဘီ.ယာအဖြစ်  အသိအမှတ်ပြုသည်။အကယ်၍ ကီတာဘီယာမဟုတ်သော  အမျိုးသမီး

တစ်ဦးဦးနှင့်ထိမ်းမြားခဲ့ပါက  နည်းလမ်းမကျသောထိမ်းမြားမှု ဟုသတ်မှတ်၍ထိမ်းမြားမှုနည်း

လမ်းကျစေလိုလျှင်  ပုံစံအားဖြင့်မပြည့်စုံမှုကို ပြည့်စုံအောင်ဆောင်ရွက်လိုက်ခြင်းအားဖြင့်သော်

လည်းကောင်း။  တရားဝင်သောထိမ်းမြားခြင်း  ဖြစ်လာနိုင်သည့်နည်းလမ်းမကျသောထိမ်းမြား

ခြင်းတစ်ရပ်ကိုယောကျာင်္း ကဖြစ်စေ။မိန်းမကဖြစ်စေအချိန်မရွေးဖျက်နိုင်သည်။တစ်ဦးက

တစ်ဦးကို စွန့်လွှတ်ရုံမျှဖြင့်  ထိမ်းမြားခြင်းပျက်သွားလေသည်။


                        မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများသည်  အစ္စလာမ်တရားဥပဒေအရ

ကီတာဘီယာများမဟုတ်သဖြင့်  အစ္စလာမ်ဘာသာဝင်ယောကျာင်္းများနှင့်  ယူစေကာမူ

နည်းလမ်းမကျသောထိမ်းမြားခြင်းသာဖြစ်သည်။ထို့ကြောင့်နည်းလမ်းမကျသောထိမ်းမြား

မှုကိုနည်းလမ်းကျစေလိုလျှင် အစ္စလာမ်ဘာသာသို့ ကူးပြောင်းကိုးကွယ်မှတစ်ပါး  အခြား

ရွေးချယ်စရာလမ်းမရှိတော့ချေ။


                      မလယ်နှင့်မောင်ကျေး (၂-ယူဘီအာ-၁၈၉၇-၀၁)၄၉၇ စီရင်ထုံး။ တရားဝင်

လွဲပြောင်းသူနှင့် မလှထွေး(အေအိုင်အာ-၁၉၂၉။ရန်ကုန်။၃၅) စီရင်ထုံးများတွင် “ဗုဒ္ဓဘာသာ

ဝင်အမျိုးသမီးတစ်ယောက်သည် အစ္စလာမ်ဘာသာသို့ကူးပြောင်းပြီး အစ္စလာမ်ဘာသာထုံးတမ်း

အရထိမ်းမြားခြင်းမပြုလျှင်  ထိမ်းမြားမှုသည်တရားမ၀င်။

တည်မြဲခိုင်မာခြင်းမရှိ“ ဟူ၍ဆုံးဖြတ်

ထားသည်။


                     အကယ်၍ အစ္စလာမ်ဘာသာသို့  ကူးပြောင်းပြီးမွတ်စလင်တစ်ယောက်နှင့်

ထိမ်းမြားသည့်မြန်မာဗုဒ္ဓဘာသာအမျိုးသမီးတစ်ယောက်သည် အစ္စလာမ်ဘာသာကို စွန့်ပစ်ပြီး

ဗုဒ္ဓ ဘာသာသို့ကူးပြောင်းလိုလျှင်ထိမ်းမြားခြင်းသည်တရားရုံး၏အမိန့်ဒီကရီမပါဘဲ  တွလာဘ်

မပေးရဘဲအလိုလိုပျက်ပျယ်သွားသည်ဟူ၍လည်း  မဆိုင်နှင့်  ကွိုင်ဒါမွိုင်ဒင် ၈-အယ်ဘီအာ-

၂၀၆စီရင်ထုံးများတွင် ဆုံးဖြတ်ထားသည်ကိုတွေ့ရပါသည်။


                  အစ္စလာမ်ဘာသာကိုစွန့်ပစ်ခြင်းသည် ထိမ်းမြားခြင်းကိုပျက်ပြယ်စေရန်ရည်

ရွယ်၍ ပြုလုပ်သည်ဖြစ်စေ။ ရည်ရွယ်ချက်သည် အရေးမကြီးပေ။ဘာသာကူးပြောင်းသည်

ဟုဆိုရာတွင်လည်းအစ္စလာမ်ဘာသာ  နှင့်ဆန့်ကျင်သည့်စကားများပြောဆိုသည်ဖြစ်စေ။

အစ္စလာမ်ဘာသာမှတစ်ပါးသောဘာသာ၌ယုံကြည်မှုရှိသည့်စကားများကိုပြောဆိုသည်ဖြစ်

စေဘာသာကူးပြောင်းသည် မည်ပေဟူ၍လည်းဟူစိန်အဏ၀ါနှင့် ဖာတီမာဘီ

(အက်ဂျေ-၃၆၈) စီရင်ထုံးများတွင် ဆုံဖြတ်ထားပါသည်။


                 ဤစီရင်ထုံးများကို  ချုပ်၍သုံးသပ်ကြည့်လျှင် ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦး

သည်အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦးနှင့် ထိမ်းမြားလက်ထပ်လိုလျှင် အစ္စလာမ်ဘာ

သာ သို့ကူးပြောင်းရမည်ပင်ဖြစ်သည်။ ဘာသာကူးပြောင်းလက်ထပ်ပြီးမှ  ဗုဒ္ဓဘာသာအဖြစ်

ပြန်လည်ကူးပြောင်းလျှင်လည်းလက်ထပ်ခြင်းပျက်ပြယ်သွားပေသည်။


                 ထို႕ျပင္အစၥလာမ္ဘာသာ၀င္တစ္ဦး၏  အေမြကိုအစၥလာမ္ဘာသာ၀င္တစ္ဦး

ကသာလက်ခံနိုင်သည်။  အစၥလာမ္ဘာသာ၀င္မဟုတ္သူမ်ားက ဆက္ခံခြင့္မရွိသျဖင့္ဗုဒၶ

ဘာသာဝင်အမျိုးသမီးတစ်ဦးသည် အစ္စလာမ်ဘာသာဝင်ယောကျာင်္းတစ်ဦးနှင့် ပေါင်းသင်း

စေကာမူ ဘာသာကူးပြောင်းမှုမရှိလျှင် တရားမ၀င်သဖြင့် မည်သည့်အခွင့်အရေးမျှမရနိုင်

ပေ။ မွေးဖွားလာသောသားသမီးများမှာလည်းတရားမ၀င်သားသမီးများသာဖြစ်ပေသည်။

အမျိုးသမီးကဘာသာကူးပြောင်းပြီင်္းလက်ထပ်ခဲ့သဖြင့်  တရားဝင်ဖြစ်စေကာမူ မွေးဖွားလာ

သောသားသမီးများသည် အစၥလာမ္ဘာသာမကိုးကြယ္ပါက အစၥလာမ္ဘာသာတစ္ဦး၏

အမွေကိုမရရှိနိုင်တော့ပေ။


                                     ဇာတ်မတူလျှင်အိမ်သူမဖြစ်

           
         ဟိန္ဒူဘာသာဝင်များနှင့်  လက်ထပ်ထိမ်းမြားခြင်းများကိုဆက်လက်တင်ပြလိုပါသည်။

    ဟိန္ဒူတရားဥပဒေအရ  ဟိန္ဒူဘာသာဝင်ချင်းလည်းဖြစ်။ ဇာတ်တူခြင်းဖြစ်မှသာ

လျှင်   လက်ထပ်ထိမ်းမြားနိုင်ခွင့်ရှိပေသည်။  ဟိန္ဒူဘာသာတွင် (၁) ဗြာဟ္မဏ။(၂)  ခတ္တိယ။

(၃)ဝေဿနှင့်(၄) သုဒ္ဒ ဟူ၍ဇာတ်လေးမျိုးရှိသည်။  ဟိန္ဒူဘာသာဝင်ဖြစ်စေကာမူ

ဇာတ်မတူသူအချင်းချင်း ထိမ်းမြားလက်ထပ်ခြင်းကိုပိတ်ပင်တားမြစ်ထားပေသည်။

                  ဟိန္ဒူဘာသာအရ  ထိမ်းမြားခြင်းသည်လူမှုရေးထက် ဇာတ်သဘော ဘာ

သာရေး။ဦးစားပေးသဘောဖြစ်သည်။  ထိမ်းမြားခြင်းသည်  ပဋိညာဉ်သဘောမျှသာမဟုတ်ဘဲ

ဘာသာရေးနှင့်ဆိုင်သောမင်္ဂလာပွဲတစ်ခုဖြစ်သည်။ ထို့ကြောင့်ဟိန္ဒူဥပဒေအရအခမ်းအနားပြူ

လုပ်၍လက်ထပ်ရလေသည်။ထိမ်းမြားမှု အခမ်းအနား၏အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်သော

ယောကျာင်္းနှင့်မိန်းမ လက်တွဲ၍  ခုနှစ်လှမ်းလမ်းလျောက်ခြင်းပြီးမြောက်လျှင်  တရားဝင်

လင်မယားမြောက်လေသည်။။ထိမ်းမြားမှုပုံစံကိုလိုက်၍ အခမ်းအနားကျင်းပပုံကွာခြား

သော်လည်း အထက်ဖော်ပြပါလမ်းလျောက်နည်းကိုကားဆောင်ရွက်ရမြဲဖြစ်လေသည်။။


                        မောင်မန်းနှင့်ဒိုရာမိုးစီရင်ထုံး  (၃-အယ်ဘီအာ၂၄၄)တွင်ဒိုရာမိုးနှင့်မရွှေမဲတို့

သည်၁၆နှစ်ခန့်လင်မယားအဖြစ်  အတူတူနေခဲ့သည်။ ထိုကာလအတွင်း အိမ်တစ်ဆောင်ကို

လည်းဝယ်ခဲ့သည်ဒိုရာမိုးမှာဟိန္ဒူဟူ၍သာသက်သေထွက်ရှိသည်။  ဇာတ်မှပယ်ထားသူဟူ၍

လည်းကန့်ကွက်ချက်မရှိပေ။   ၄င်းတို့တွင်ကလေးခြောက်ရောက်ရသော်လည်းအတူမစား

ဟုထွက်ချက်ရှိသည်။ထို့ကြောင့်ဒိုရာမိုးမှာ ဟိန္ဒူတရားဥပဒေနှင့်သက်ဆိုင်

သူဖြစ်ပြီးမရွှေမဲသည်  ၄င်း၏တရားဝင်မယားမဟုတ်ဟုဆုံးဖြတ်ထားလေသည်။


                သို့ရာတွင်   “ပန်ချမာ”ခေါ်ပဉ္စမမြောက်ဇာတ်ဝင်များနှင့် ထိမ်းမြားမှုပြူရန်ကား

ဖြစ်နိုင်ပေသည်ဟုအက်စ်အနာမလေးပီလေးနှင့်  ဖိုးလမ်းစီရင်ထုံး (၃-အယ်ဘီအာ -၂၈၈)

တွင်ဆုံးဖြတ်ထားလေသည်။ အက်စ်အနာမလေးပီလေးသည် ၄င်း၏မိန်းမမမဲသေဆုံးသောအခါ

အမွေထိန်းစာရရန်လျောက်ထားလေသည်။   မောင်ဖြစ်သူဖိုးလမ်းက အက်စ်အနာမလေးပီလေး

သည်မမဲ၍တရားဝင်ယောကျာင်္းမဟုတ်ဟု အကြောင်းပြပြီးကန့်ကွက်သည်။

               အက်စ်အနာမလေးပီလေး သည် ပန်ချမာဇာတ်ဝင်ဖြစ်သည်.။ ၄င်းနှင့်မမဲတို့သည်

၁၆နှစ်ခန့်လင်မယားအဖြစ်အတူနေခဲ့သည်။  ထိမ်းမြားလက်ထပ်စဉ်မည်သည့်အခမ်းအနားမှမ

လုပ်ခဲ့ပေ။၎င်းတို့တွင်သားသမီးတစ်ယောက်မျှမရှိ။ မမဲကချက်ပြုတ်ကျွေးမွေးသည်ကိုစားသောက်

ခဲ့သည်။  ၄င်းသည်ဟိန္ဒူဘုရားကျောင်းများကို သွားလေ့ရှိသော်လည်းမမဲနှင့်အတူဗုဒ္ဓဘာသာ

ကျောင်းများ။ဘုန်းကြီးကျောင်းများသို့လည်းသွားသည်။ အများက၄င်းတို့ကိုလင်မယားအဖြစ်

အသိအမှတ်ပြုကြသည်။ ဤအမှုတွင် အက်စ်အနာမလေးပီလေးနှင့်မမဲတို့သည် တရားဝင်

လင်မယားအဖြစ်ရောက်ပြီဟုဆုံးဖြတ်လေသည်။


                    အချုပ်တင်ပြရသော် ဟိန္ဒူဘာသာဝင် ယောကျာင်္းနှင့်ထိမ်းမြားခဲ့သော ဗုဒ္ဓဘာ

သာဝင်အမျိုးသမီးသည်ဟိန္ဒူတရားဥပဒေအရ ဇာတ်မတူလျှင် တရားဝင်ထိမ်းမြားခွင့်မရှိဆိုသော

အကြောင်းတစ်ရပ်နှင့်ပင် တရားဝင်လင်မယားအဖြစ်ကိုမရောက်နိုင်တော့ပေ။


                       စဉ်းစားပြီးမှဆုံးဖြတ်ပါ


                   ခရစ်ယာန်များအနေဖြင့်လည်းထိမ်းမြားမှုပြူရာတွင်  ကိုးကွယ်သောဘာသာ

တူခြင်း ထိမ်းမြားမှုကိုသာနစ်သက်သည်။  သို့ရာတွင်(၁၈၇၂)ခုနှစ် ခရစ်ယာန်ထိမ်းမြားလက်

ထပ်ခြင်းအက်ဥပဒေပုဒ်မ ၄နှင့်၅ အရမူဘာသာမပြောင်းဘဲထိမ်းမြားလက်ထပ်နိုင်သည်။ သို့

သော်အခြားဘာသာဝင်များနှင့် ထိမ်းမြားလိုပါကဘုရားကျောင်းများအနေဖြင့်လိုအပ်သော

စည်းကမ်းသတ်မှတ်ချက်များချမှတ်ကာ ထိမ်းမြားမှုကိုတရားဝင်ပြုလုပ်ပေးသည်။ ခရစ်.ယာန်

ထိမ်းမြားလက်ထပ်ရေးအက်ဥပဒေအရ တရားဝင်ထိမ်းမြားမှုအတွက် အခမ်းအနားများသတ်မှတ်

ထားပါသည်။ အစိုးရခန့်အရာရှိထံတွင်ထိမ်းမြားနိုင်သကဲ့သို့ ဘုရားကျောင်းတွင်လည်းပြုလုပ်

နိုင်လေသည်။ခရစ်ယာန်ဥပဒေ၏ထူးခြားချက်မှာ တစ်လင်တစ်မယားစနစ်ကိုသာတရားဝင်

အသိမှတ်ပြုခြင်းပင်ဖြစ်သည် ။ ယောကျာင်္းတစ်ဦးသည် မယားတစ်ယောက်ထက်ပို၍ မယားပြိုင်စနစ်ဖြင့်

ထိမ်းမြားထားပိုင်ခွင့်မရှိပေ။မောင်ကြိုက်နှင့်မကြီးစီရင်ထုံး{(2-ယူဘီအာ(၁၈၉၇-၀၁)

၄၈၈တွင်အကယ်၍ ဗုဒ္ဓဘာသာဝင်တစ်ယောက်သည်ခရစ်ယာန်ဘာသာသို့ ကူးပြောင်းပြီး

ခရစ်ယာန်ဘာသာဝင်တစ်ယောက်နှင့်အခိုင်မာလက်ထပ်ပြီးနောက် ဗုဒ္ဓဘာသာသို့တစ်ဖန်

ပြန်၍၀င်လာလျှင် ထိုသူသည့်မြန်မာဗုဒ္ဓဘာသာများကဲ့သို့ နောက်ထပ်အိမ်ထောင်မပြုနိုင်

ကြောင်းဆုံးဖြတ်ထားသည်။အကြောင်းမှာခရစ်ယာန်လက်ထပ်ထိမ်းမြားခြင်းအက်ဥပဒေအရ

ဘာသာကူးပြောင်းခြင်းသည် ထိမ်းမြားမှုကိုမပျက်ပြယ်နိုင်သောကြောင့်ဖြစ်ပေသည်။


                        ထိုနည်းတူမအေးသာနှင့်မသိန်းခင်စီရင်ထုံး(အေအိုက်အာ။ေ၉၃၅။

ရန်ကုန်-၃၇)တွင့်မြန်မာဗုဒ္ဓဘာသာလင်ယောကျာင်္းသည် ခရစ်.ယာန်ဘာသာသို့ကူးပြောင်း

ပြီးနောက်အိမ်ထောင်ပြုပါက နောက်အိမ်ထောင်သည်တရားမ၀င်ကြောင်းဆုံးဖြတ်ထားသည်။

အကြောင်းမှာ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ  ဘာသာကူးပြောင်းခြင်းသည် မူလထိမ်းမြား

မှုကိုမပျက်ပြယ်နိုင်သော ကြောင့်ဖြစ်သည် ။


                      ဤစီရင်ထုံးများတွင် ဖော်ပြထားသော နောက်အိမ်ထောင်တရားမ၀င်

သည့်ပြသနာများမှာ ခရစ်ယာန်လက်ထပ် ထိမ်းမြားရေးအက်ဥပဒေအရ  တစ်လင်တစ်

မယားစနစ်ကိုအခြေခံထားသောကြောင့်ဖြစ်သည်။ မောင်ကြိုက်နှင့်မကြီးစီရင်ထုံးအရ

ခရစ်ယာန်ဘာသာဝင်အဖြစ် လက်ထပ်ပြီးပါက ထိမ်းမြားမှုမပျက်ပြယ်ဘဲ နောက်ထပ်

အိမ်ထောင်ပြုခွင့်မရှိ၍ဖြစ်သည်။ မအေးသာနှင့်မသိန်းခင်စီရင်ထုံးအရ  ဗုဒ္ဓဘာသာအြ့ဖစ်

လက်ထပ်ခြင်းတည်မြဲနေသေးသဖြင့်ခရစ်ယာန်ဘာသာအရ တရားဝင်အိမ်ထောင်ရှိပြီး

သူနှင့် လက်ထပ်၍မရခြင်းကြောင့်ဖြစ်သည်။


                       ခရစ်ယာန်ဘာသာဝင် အမျိုးသားနှင့်လက်ထပ်သူမြန်မာ ဗုဒ္ဓဘာသာ

အမျိုးသမီးတစ်ဦးသည် ခရစ်ယာန်လက်ထပ်ထိမ်းမြားရေးဥပဒေကို လိုက်နာပြီး  ညီညွှတ်

စွာလက်ထပ်ခဲ့မှ သာလျှင်တရားဝင်လင်မယားဖြစ်နိုင်ခွင့်ရရှိလေသည်။

                         တရားမ၀င်သည့်အခြေအနေ


ဤပြသနာများကိုခြုံငုံသုံးသပ်ကြည့်သော်ဘာသာမတူခင်ပွန်းများနှင့်

လက်ထပ်မိသူမြန်မာအမျိုးသမီးများသည်သားသမီးမည်၍မည်မျှပင်ရစေကာမူ တရားဝင်

မယားအဖြစ်မရနိုင်ကြဘဲ  သားသမီးများသည်လည်း တရားဝင်သောသားသမီးများမဖြစ်

လာကြတော့ပေ။ မြန်မာ့ရေမြေဒေသတွင်အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်

ကြပါလျှက် အကြင်လင်မယားအခွင့်အရေးမရကြသော မြန်မာအမျိုးသမီးများ၏ဘ၀ကို

စာနာမိကြသည့် ပုဂ္ဂိုလ်များအနက် မြန်မာဥပဒေပညာရှင်တစ်ဦးဖြစ်သော ဦးမေအောင်

က “ဗုဒ္ဓဘာသာတရားဥပဒေမှထင်ရှားသည့်စီရင်ထုံးများ“စာအုပ်တွင် ဥပဒေအမြင်ြ့ဖစ်

ဤသို့မှတ်ချက်ချထားပါသည်။


               “နိုင်ငံခြားသားများနှင့်အိမ်ထောင်  ပြုကြသည့်မြန်မာအမျိုးသမီးများအနက်

မြို့ကြီးသူများသည်မြန်မာဓလေ့ထုံးတမ်းများကို ထိန်းသိမ်းခြင်းမရှိတော့ချေ။  ယင်းအမျိုး

သမီးများ၏ပတ်ဝန်းကျင်ရှိ ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့၏အမြင်မှာကား ၄င်းတို့သည်

နိုင်ငံခြားသားများ၏တရားဝင်ဇနီးများဖြစ်ကြသည်။  သို့ရာတွင်အကြောင်းမသင့်၍စားစ

ရိတ်လျောက်ထားရန် ။ကွာရှင်းရန်။အမွေတောင်းရန်  စသောပြသနာများနှင့်ရင်ဆိုင်ရ

သောအခါတွင်မှ   ဥပဒေသစ်များ၏အကြောင်းသိရှိကြရသည်။  သိရှိရသောအချိန်

၌မိမိတို့ တွင်ပြစ်မှုတရားဥပဒေအရ စားစရိတ်ရခွင့်ရှိ စေကာမူ မိမိတို့ကိုယ်တိုင်မှာ

အပျော်မယားအဖြစ်ရောက်နေရကြောင်း နှင့်မိမိတို့သားသမီးများမှာလည်းတိတ်တိတ်

ပုန်းမွေးထားသည့်ကလေးများဖြစ်နေကြောင်းတွေ့ကြရတော့သည်။


                  နိုင်ငံခြားသားများသည်မသိနားမလည်သော ငယ်ရွယ်သည့်မြန်မာ

အမျိုးသမီးများကို ချော့မော့လှည့်ဖျားကာတရားဥပဒေနှင့်အညီ ထိမ်းမြားလက်ထပ်

လေဟန်ပြု၍ပေါင်းသင်းပြီးနောက် ဥပဒြေ့ပသနာအရပ်ရပ် ပေါ်ပေါက်လာသည့်အခါ

တွင်မူ ၄င်းတို့လူမျိုး၏တရားဥပဒေကို  အကာကွယ်ြ့ပြု့ပီးဆိုခဲ့သည့်ထိမ်းမြားမှုကို

ဖျက်သိမ်းလေ့ရှိကြောင်းမကြာခဏတွေ့ရှိကြရသည်။ ဤကဲ့သို့သောအမှုအခင်းများတွင်

လူမျိုးများ၏ တရားဥပဒေကိုလက်ခံပြီး မြန်မာလူမျိုး၏တရားဥပဒေကို မည်သည့်အတွက်

ကြောင့်လုံးဝလျစ်လျူရှု့ထားသည်ဆိုသောအချက်မှာ မရှင်းလင်းချေ။


                       အမျိုးချစ်တဲ့တကယ့်လူ

                   ဦးမေအောင်၏မှတ်ချက်မှာ အလွန်လေးစားဖွယ်ကောင်းကြောင်းတွေ့ရသည်။

ဦးမေအောင်သည်အခြားသောပုဂ္ဂိုလ်မဟုတ်။မြန်မာပြည်အတွင်း၌ ပဋိညာဉ်ခံစစ်ကဲ။

ဝန်ထောက်။ အရေးပိုင်။ မင်းကြီးများခန့်ထားရန်အတွက် စုံစမ်းရန်ဗြိတိသျှ အစိုးရက

စုံစမ်းရေးအဖွဲ့တစ်ဖွဲ့မြန်မာပြည်ကို  စေလွှတ်လိုက်သည်။  ထိုစုံစမ်းရေးအဖွဲ့  ကမြန်မာ

လူမျိုးထဲကလူကြီးလူကောင်းများအားခေါ်ယူစုံစမ်းရာ ဦးမေအောင်ပါဝင်ခဲ့သည်။ .ယင်းအ

ခမ်းအနားသို့ ခေါင်းပေါင်းဖြူ ဖော့လုံး။ ထိုင်မသိမ်းအကျီင်္။ မြန်မာပြည်၌ရက်လုပ်သည့်

ပုဆိုးရှည်များ ၀တ်ဆင်ပြီးတက်ရောက်သူဖြစ်သဖြင့်    ဆရာကြီးသခင်ကိုယ်တော်မှိုင်းက-


               “၄င်းအကြောင်းနှင့်စပ်လျင်း၍ အင်မအေဘွဲခံ။ ၀တ်လုံတော်ရကြီးတစ်ဦးဖြစ်

လင့်ကစား။ မြန်မာလူမျိုးများ၏ရှေးရိုးစဉ်လာဓမ္မတာ အတိုင်းသာဝတ်ဆင်သည်ကို  ကျွန်

တော်၏စိတ်တွင်အလွန်ကြည်ညိုနှစ်ခြိုက်စွာနှင့်

             ခေတ်အလိုက် ကောင်းသည်လိြုေ့ပာကြတဲ့

            ဘောင်းဘီသော။

            ဦးထုပ်သော။

            ဘာကိုမျှမငဲ့မူ၍

           တကယ့်လူ

           သဲ့လူ။

            အမဲ့လူ။

           အိုဘဲ့လူဟု

           ခွန်းကျူပြောကာ

           ထောပနာပြု ပြု ပြီး

           သြဘာဆုပေးခြင်း ““   ခံရသူဖြစ်သည်။ ဦးမေအောင်သည် မြန်မာနိုင်ငံ၏

နိုင်ငံရေးဒအစရှိသော ၀ိုင်အမ်ဘီအေအသင်းဖွဲ့စည်းရာတွင် နယ်လှည့်ပြီး အသင်း

ဖွဲ့စည်းရန်စည်းရုံးခဲ့သူတစ်ဦးဖြစ်သည်။ဟင်္သတ မြို့၌၁၉၁၆ ခုနှစ်တွင်ကျင်းပသော

ဝိုင်အမ်ဘီအေအဖွဲ့အစည်းမှ အသင်းဥက္ကဠ အဖြစ်ရွေးချယ်တင်မြောက်ခြင်းခံရသူ

လည်းဖြစ်သည်။
                                     ဦးအေးချို( မဟာဝိဇ္ဇာ)
                            
              
  “ မေတ္တာရပ်ခံချက်”

 ဤဆောင်းပါးသည် လူမျိုးခြား ဘာသာခြားမျာနှင်. အိမ်ထောင်ပြုမိကြတဲ့
ဗုဒ္ဓဘာသာမြန်မာမိန်းခလေးများ   မိမိတို့ဘက်က ဘာသာရေးအရ မည်မျှ
နစ်နာဆုံးရှုံးရသည်ကို ဥပဒေ ရှုထောင့်မှမြင်နှိုင်အောင် သိသာရန်အတွက်သာ
တင်ပြခြင်းဖြစ်ပါသည်။
ကော.မက်များပေးရာတွင်အခြားဘာသာနှင့် လူမျိုးအားစော်ကားသည့်
ကော့မက်များဆွေးနွေးချက်များ မရေးကြပါရန်လေးစားစွာ တောင်းပန်ပါသည်။
                    တတိုင်းမွှေး။    ။(ကောက်နှုတ်မျှဝေပါသည်)



Tuesday, October 22, 2013

မာနလား




နင့်မာနနဲ့ ငါ့မာန

ခဏခဏပြိုင်တာ

နင်မနိုင်သလိုငါမရှုံးဘူး

မမုန်းဘူးဆိုပေမဲ့နာကျဉ်ရပါတယ်...။

ဝါးလုံးရှည်နဲ့ဝင်မရမ်းနဲ့

နင်ပင်ပန်းနေမယ်

နင်လာရာလမ်းတလျှောက်

နင့်အနောက်ကပုံပြင်တွေ

နင်စီရင်လို့ဖျောက်ဖျက်တာကုန်ပြီလား။

ပြီးတော့မှခါးစောင်းပေါ်လက်တင်

ဝါ၀ါမြင်လည်းရွှေမထင်

ဖြူဖြူမြင်လည်းသူတော်စင်မဟုတ်

မရှင်းထုတ်ချင်တော့ကျီမီးတိုက်

မင်းအကြိုက်မလိုက်မိခါမှ

ဖွတ်ထွက်မှတောင်ပို့မှန်းသိသတဲ့လားနော်။

တောင်ပို့ကိုထုံးသုတ်

ပန်းကနုတ်တွေစီချယ်ရေး

အခုလူတွေမေးမှဘုရားအတုတဲ့လာ

ဖွတ်နေတဲ့နေရာပါ

လာလာကန်တော့ပြီးမှတုတ်နဲ့မထိုးချင်နဲ့နော်

အကျိုးလိုမှညောင်ရေလောင်း

အကောင်းမရတော့အပစ်တင်

မိတ်သလင်လို့ထင်ရင်ပြန်စိမ်းထားလိုက်

ကိုယ့်ထိုက်နဲ့ကိုယ့်ကံ

ကိုယ်မှန်တယ်ဆိုနောက်မဆုတ်ဘူး

မုဒ်ဦးမှာစာသ

ဖွတ်ဘ၀မှာပျော်ဆဲပါ။

နင့်မာနနဲ့ ငါ့မာန

အစကပြန်ပြိုင်

နင်နိုင်ရင်ငါထွက်ပေးမယ်နော်...။

တတိုင်းမွှေး။ ။

ဖြစ်ရပ်မှန်



နေက..စထွက်စကနွေးထွေးခဲ့ပေမည့် မွန်းတည့်ချိန်မှာပူလောင်ပါသည်။

 ရာသီခိုနေခဲ့သော ဖါးတို့လည်းအော်နေကြလေပြီ၊ 

ပွင့်လင်းရာသီဆိုပြီးငယ်ကျိုးငယ်နာများကြီးထွားနှုန်းမြန်နေတတ်သည်၊

 လမ်းပေါ်ကအော်သံ ကို တိုက်ပေါ်ကလူတွေ ဂရုမစိုက်တော့ပါ၊ 

 တိုက်ပုံဝတ်ပြီး အိပ်မက်ရောင်းနေသူတွေများလာပါသည်၊ 

 အများအကျိုးအတွက်ဆိုပြီး အကျိုးများအောင်ချောင်းနေသူတွေရှိပါသည်၊ 

ဘာဘဲဖြစ်ဖြစ် ရွေးချယ်ပွဲအတွက်လူကြီးမင်းများမှ

 နေရာယူပေးကြပါရန်ပန်ကြားနေတုန်းပင်၊ 

လိုင်းကားတိုးစီးသူတွေများနေပေမည့်ကိုယ်ပိုင်ကားအရောင်းအ၀ယ်ပိုများလာသည်။ 

အဆင်းရဲဆုံးနိုင်ငံမှာဘဏ်တွေကမှိုလိုပေါက်လာကြသည်မှာထူးဆန်းပါသည်၊ 

ယင်ကောင်နားသောစာစောင်နှင့်ရှပ်ရှင်များအလုပ်ဖြစ်ကြသည်။ 
 
လူမျိုးခြားနှင့်ဖူးစာဖက်မိသောအဖိုးအဖွား များကြောင့် 

 မြေးများမျက်နှာပျက်နေရသောကာလဖြစ်သည်။ 

လူကြီးတွေလုပ်တာမကောင်းကြောင်းလူကြီးတွေပြောပြမှသိရသည်။

 လူကြီးတွေလုပ်တာမှားခဲ့ကြောင်း လူကြီးတွေပြောပြမှသိရသည်။ 

လူကြီးတွေက..လူကြီးတွေအကြောင်းလူကြီးလုပ်ဖို့ပြောနေကြတာလား။ 

အသက်မရှိတော့သောသူများ၏အမည်များသည် 

အသက်ရှိသောသူများ၏ကုန်ကြမ်းများဖြစ်သည်။ 

သမိုင်း၏တရားခံများကိုပြစ်ဒါဏ်ချမှတ်ရန် 

တရားခံများကိုယ်တိုင်စီရင်ချက်ရေးနေပါသည်။ 

စစ်ကိုင်းရောက်နေသော မြင်းသည်တော်များနှင့် 

ပဲခူးရောက်နေသောလှေထိုးသားများ၏ဆွေးနွေးပွဲက..ပေတော်တော်ရှည်ပါမည်။ 

အင်တာနက်ပေါ်တွင်လူတိုင်းပေါက်ကွဲခွင့်အပြည့်ရကြသည်။

 ဒီမိုကရေစီ ဟုပြောတတ်လျှင်အထင်ကြီးပါသည်၊ 

ပိုပြီးကျယ်ကျယ်ပြောတတ်လျှင်ပိုပြီးအထင်ကြီးပါသည်။

 ဖုန်းတစ်လုံးရှိလျှင် လူကြီးမင်း ဟုအခေါ်ခံရပါသည်။ 

 အွန်လိုင်းပေါ်တွင်ရေးသူများလာပါသည်၊ကြိုက်သူတွေ...Like ပြီး

 မကြိုက်သူတွေဖိုက်ပါလိမ့်မည်၊ 

“ ဖြစ်ရပ်မှန် ” ဆိုလျှင်ပိုပြီးစိတ်ဝင်စားကြပါသည်။ 

 နောက်ဆုံးတော့လူတော်တော်များများ နိဗ္ဗာန်ယာဉ်စီးပြီး ငရဲသို့သွားနေကြပါသည်။ 

ကျွန်ပ်လည်းမကောင်းသောသူများအကြောင်းရေးပြီး မကောင်းသောသူဖြစ်သွားပါတော့သည်။

 နေ့လည်ကပူပြင်းသောနေ..ညနေဆည်းဆာတွင်ငုတ်သွားသည်ကို 

လူတိုင်းပျော်ရွှင်စွာကြည့်လိုကြပါသည်။ 

 တတိုင်းမွှေး။

Saturday, October 12, 2013

မုန်းတော့မှာလား




ချစ်သူ..ရယ်

တကယ်ဘဲအပြစ်လို့သတ်မှတ်

ဆုံးဖြတ်လို့စီရင်ချက်ရေး

ပြန်မတွေးဘဲသံသရာဆက်ဆက်အဆုံး

မောင့်ကိုတစ်သက်လုံးမုန်းတော့မှာလား။


မုန်းတော့မယ်ဆိုရင်...

ဟိုယခင်စတွေ့တဲ့ကာလ

မောင့်ကို..ထာဝရချစ်နေမယ်ဆိုတာလေး

ပြန်တွေးလို့သတိရ

ရင်မှာအပူလုံးကြွ

ပြန်တမ်းတမိနေမှာပါနော်။


မုန်းတော့မယ်ဆိုရင်...

နေ့စဉ်ရက်ဆက်မပျက်ကွက်ဘဲ

ဖုန်းလေးဆက်လို့ဆိုးခဲ့တာ

ခေါင်းအုံးလေးဖက်လို့တာခဲ့တာ

ညာနွဲ့တာလေးတွေအမှတ်ရ

သည်းကြွေပြတ်မကလွမ်းမိမှာပါနော်။


မုန်းတော့မယ်ဆိုရင်...

သည်မောင့်ရင်ကို ခွဲထုတ်

အပြစ်လုပ်တဲ့အသည်းကိုနုတ်နုတ်စင်း

အကြင်နာကင်းကင်းနဲ့ နင်းချေ

ချစ်သူဒေါသတွေပြေမယ်ထင်

သည်ရင်ကိုဓါးတင်ပေးပါ့မည်။


မုန်းတော့မယ်ဆိုရင်...

ညအလယ်တွင်တိတ်ဆိတ်

တိတ်တိတ်လေးထိုင်နေရချိန်

မီးမှိန်မှိန်မှာတွယ်ရာမဲ့

မြည်သံကင်းမဲ့တဲ့ဖုန်းလေးကိုကိုင်

ငိုင်တိုင်တိုင်လေးလွမ်းနေပါ့မယ်လေ။

မုန်းတော့မယ်ဆိုရင်...

မုန်းတော့မယ်ဆိုရင်...

မုန်းတော့မယ်ဆိုရင်...

...မုန်းပေါ့ချစ်သူရယ်....။

တတိုင်းမွှေး။


Tuesday, October 8, 2013

မုန်းခွင့်

 Photo: အို..ဖန်ဆင်းရှင်

ချစ်တယ်ဆိုတာသိချင်လို့

ချစ်နေတဲ့ချစ်သူတွေကိုလိုက်ငေး

ချစ်တတ်ပါတဲ့ချစ်ဆရာတွေကိုလိုက်မေး

ပြီးတော့...အချစ်စာလေးတွေကိုတွေး

အချစ်ကဗျာလေးကိုရေးပြီး

သူ့ကို...ကျွန်ပ်၏အချစ်တွေကိုပေးလိုက်တာပါ

ဘယ်ဘ၀ကံအဖြစ်က

အချစ်တွေကိုပျက်ကြွေသုန်း

ကျွန်ပ် ကို သူမ တူးတူးခါးခါးမုန်းအောင်

ပျော်စရာအချိန်လေးတွေကုန်ဆုံးအောင်

ပြောင်းလဲလိုက်တာလည်းသခင်။


အို..ဖန်ဆင်းရှင်.....

သူမသည်..ကျွန်ပ်နှင့်...နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ

မြင်ရသည်ဖြစ်စေ...မမြင်ရသည်ဖြစ်စေ

ကျွန်ပ်သည်သူမ၏အသံကိုကြားနေရပါသည်။

သူမသည်..ချိုသာသောစကားကိုပြောသည်ဖြစ်စေ

ချိုသာသောစကားကိုမပြောသည်ဖြစ်စေ

မှန်ကန်သောစကားကိုဆိုသည်ဖြစ်စေ

ပြောင်လှောင်သောစကားကိုဆိုသည်ဖြစ်စေ

ကျွန်ပ်သည်..သူမ၏ စကာလုံးများတွင်

စိမ့်ဝင်ပျော်မွေ့သဘောကျနှစ်ခြိုက်ရပါသည်။


အို..ဖန်ဆင်းရှင်

ကျွန်ပ် သည်အိပ်မပျော်သည့်အချိန်များနှင့်

အိပ်ပျော်နေသည့်အချိန်များတွင်  သူမကိုအိပ်မက်မက်တတ်ပြီး

အိပ်မက်ကလည်း  သူမ ကိုတပ်မက်လေသည်။

သူမ ၏ရယ်သံကြောင့် ကောင်းကင်ဘုံအထက်ကဂီတသံများမနာလိုဖြစ်ကြသည်။

သူမ ရှိုက်သံ ကြောင့် ကြယ်တာရာအချို့မီးလောင်ပေါက်ကွဲဘူးကြသည်။

သူမသည် ပျော်ရွှင်ခြင်း နှင့် ၀မ်းနည်းခြင်းကို စီရင်ပိုင်ခွင့်ရှိပြီး

သူမကြောင့် အင်အားချိနဲ့သူများ မျော်လင့်ချက်များရရှိပြီး 

သူမကြောင့်သူရဲကောင်းများသိမ်ငယ်ပြီး ကြောက်တတ်သွားကြသည်။


အို..ဖန်ဆင်းရှင်...

ကျွန်ပ်၏အချစ်များကို...သိမ်းပိုက်ခြင်းခံရသည်

ထိုအချစ်များသည်...ကြေကွဲဘွယ်ရာတစ်စစီအရှင်လတ်လတ်

ချိုးဖဲ့ဖျက်ဆီးခြင်းခံရသည်။နင်းခြေပစ်ပေါက်ခြင်းခံရသည်။

အချစ်အပိုင်းအစများသည် ကျွန်ပ်၏ရင်ကိုဖေါက်ပြီးနှလုံးသားတွင်စိုက်ဝင်စေသည်

မျက်လုံးအိမ်မှမာနများသည်သွေးရောင်ဖြင့်စီးကျခဲ့လေပြီ

အရာခပ်သိမ်းသည်သူမ၏ဆံကေသာအရောင်အတိုင်းပင်မဲမှောင်စေလေပြီ

မဆင်ခြင်သော စကာလုံးအတွက်..သူမ၏ရွှန်းလဲ့သောမျက်ဝန်းမှ

နူးညံသောပါးပြင်ပေါ်သို့ကျသွားသောမျက်ရည်တစ်စက်အတွက်ပြစ်ဒဏ်ဖြစ်သည်။

သူမ၏ကျိန်စာကြောင့် ကျွန်ပ်ကိုင်မိသောအရာမှန်သမျှလောင်မြိုက်ကုန်သည်ပင်

ပါတ်ဝန်းကျင်ကပန်းတို့လည်းကြွေကြကုန်လေပြီ။နင်းခဲ့သောလမ်းတစ်လျှောက်

မြက်တို့သည်ခြောက်သွေ့ကုန်လေပြီ.....ရေသည်လေနှင့်အတူမီးလိုပူလေပြီ......

အိုဖန်ဆင်းရှင်.....

သူမသည်မိန်မသားဖြစ်ပါသည်

ထို့ကြောင့်အလွန်ချစ်စရာကောင်းပါသည်။

ထို့ကြောင့်အလွန်ကြောက်စရာကောင်းပါသည်။

ထိုကြင်နာတတ်ပြီးရက်စက်လွန်းသော..မိန်းမကို..မုန်းမှဖြစ်ပါတော့မည်။

ကျွန်ပ်သည်အချိန်ပေါင်းများစွာ...အကြိမ်ပေါင်းများစွာ

သူမအားမုန်းမေ့ရန်ကြိုးစားခဲ့သော်လည်း...မအောင်မြင်ခဲ့ပေ....။

အိုဖန်ဆင်းရှင်....

မဟာကရုဏာရှေ့ထားပြီးသောကအပေါင်းမှလွတ်ကင်းရန်

ထိုမိန်းမသားးအား..မေ့ပျောက်စေရန်

ကျွှန်ပ်အား.....“ မုန်းခွင့် ” ကိုအမြန်ပေးသနားတော်မူပါလေ...................။
                                      
                                            တတိုင်းမွှေး။
http://tadaingmwe.blogspot.com/2013/10/blog-post_5.html

အို..ဖန်ဆင်းရှင်

ချစ်တယ်ဆိုတာသိချင်လို့

ချစ်နေတဲ့ချစ်သူတွေကိုလိုက်ငေး

ချစ်တတ်ပါတဲ့ချစ်ဆရာတွေကိုလိုက်မေး

ပြီးတော့...အချစ်စာလေးတွေကိုတွေး

အချစ်ကဗျာလေးကိုရေးပြီး

သူ့ကို...ကျွန်ပ်၏အချစ်တွေကိုပေးလိုက်တာပါ

ဘယ်ဘ၀ကံအဖြစ်က

အချစ်တွေကိုပျက်ကြွေသုန်း

ကျွန်ပ် ကို သူမ တူးတူးခါးခါးမုန်းအောင်

ပျော်စရာအချိန်လေးတွေကုန်ဆုံးအောင်

ပြောင်းလဲလိုက်တာလည်းသခင်။


အို..ဖန်ဆင်းရှင်.....

သူမသည်..ကျွန်ပ်နှင့်...နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ

မြင်ရသည်ဖြစ်စေ...မမြင်ရသည်ဖြစ်စေ

ကျွန်ပ်သည်သူမ၏အသံကိုကြားနေရပါသည်။

သူမသည်..ချိုသာသောစကားကိုပြောသည်ဖြစ်စေ

ချိုသာသောစကားကိုမပြောသည်ဖြစ်စေ

မှန်ကန်သောစကားကိုဆိုသည်ဖြစ်စေ

ပြောင်လှောင်သောစကားကိုဆိုသည်ဖြစ်စေ

ကျွန်ပ်သည်..သူမ၏ စကာလုံးများတွင်

စိမ့်ဝင်ပျော်မွေ့သဘောကျနှစ်ခြိုက်ရပါသည်။


အို..ဖန်ဆင်းရှင်

ကျွန်ပ် သည်အိပ်မပျော်သည့်အချိန်များနှင့်

အိပ်ပျော်နေသည့်အချိန်များတွင် သူမကိုအိပ်မက်မက်တတ်ပြီး

အိပ်မက်ကလည်း သူမ ကိုတပ်မက်လေသည်။

သူမ ၏ရယ်သံကြောင့် ကောင်းကင်ဘုံအထက်ကဂီတသံများမနာလိုဖြစ်ကြသည်။

သူမ ရှိုက်သံ ကြောင့် ကြယ်တာရာအချို့မီးလောင်ပေါက်ကွဲဘူးကြသည်။

သူမသည် ပျော်ရွှင်ခြင်း နှင့် ၀မ်းနည်းခြင်းကို စီရင်ပိုင်ခွင့်ရှိပြီး

သူမကြောင့် အင်အားချိနဲ့သူများ မျော်လင့်ချက်များရရှိပြီး

သူမကြောင့်သူရဲကောင်းများသိမ်ငယ်ပြီး ကြောက်တတ်သွားကြသည်။


အို..ဖန်ဆင်းရှင်...

ကျွန်ပ်၏အချစ်များကို...သိမ်းပိုက်ခြင်းခံရသည်

ထိုအချစ်များသည်...ကြေကွဲဘွယ်ရာတစ်စစီအရှင်လတ်လတ်

ချိုးဖဲ့ဖျက်ဆီးခြင်းခံရသည်။နင်းခြေပစ်ပေါက်ခြင်းခံရသည်။

အချစ်အပိုင်းအစများသည် ကျွန်ပ်၏ရင်ကိုဖေါက်ပြီးနှလုံးသားတွင်စိုက်ဝင်စေသည်

မျက်လုံးအိမ်မှမာနများသည်သွေးရောင်ဖြင့်စီးကျခဲ့လေပြီ

အရာခပ်သိမ်းသည်သူမ၏ဆံကေသာအရောင်အတိုင်းပင်မဲမှောင်စေလေပြီ

မဆင်ခြင်သော စကာလုံးအတွက်..သူမ၏ရွှန်းလဲ့သောမျက်ဝန်းမှ

နူးညံသောပါးပြင်ပေါ်သို့ကျသွားသောမျက်ရည်တစ်စက်အတွက်ပြစ်ဒဏ်ဖြစ်သည်။

သူမ၏ကျိန်စာကြောင့် ကျွန်ပ်ကိုင်မိသောအရာမှန်သမျှလောင်မြိုက်ကုန်သည်ပင်

ပါတ်ဝန်းကျင်ကပန်းတို့လည်းကြွေကြကုန်လေပြီ။နင်းခဲ့သောလမ်းတစ်လျှောက်

မြက်တို့သည်ခြောက်သွေ့ကုန်လေပြီ.....ရေသည်လေနှင့်အတူမီးလိုပူလေပြီ......

အိုဖန်ဆင်းရှင်.....

သူမသည်မိန်မသားဖြစ်ပါသည်

ထို့ကြောင့်အလွန်ချစ်စရာကောင်းပါသည်။

ထို့ကြောင့်အလွန်ကြောက်စရာကောင်းပါသည်။

ထိုကြင်နာတတ်ပြီးရက်စက်လွန်းသော..မိန်းမကို..မုန်းမှဖြစ်ပါတော့မည်။

ကျွန်ပ်သည်အချိန်ပေါင်းများစွာ...အကြိမ်ပေါင်းများစွာ

သူမအားမုန်းမေ့ရန်ကြိုးစားခဲ့သော်လည်း...မအောင်မြင်ခဲ့ပေ....။

အိုဖန်ဆင်းရှင်....

မဟာကရုဏာရှေ့ထားပြီးသောကအပေါင်းမှလွတ်ကင်းရန်

ထိုမိန်းမသားးအား..မေ့ပျောက်စေရန်

ကျွှန်ပ်အား.....“ မုန်းခွင့် ” ကိုအမြန်ပေးသနားတော်မူပါလေ...................။

တတိုင်းမွှေး။
 

http://tadaingmwe.blogspot.com/2013/10/blog-post_8.html

Saturday, October 5, 2013

ဖုန်းချစ်ကလေး

Photo: လက်ကဖုန်းလေး

မမြည်သေး

ရင်လေးမိတယ်ချစ်သူရယ်။

ဖုန်းသံလေးလာ

စိတ်ချမ်းသာ

မောင့်မှာပျော်တယ်ချစ်သူရယ်။

သတိရလား

ချစ်သေးလား

တစ်အားချွဲတယ်ချစ်သူရယ်။

အနမ်းသဲသဲ

နမ်းမစဲ


ဖုန်းထဲနမ်းတယ်ချစ်သူရယ်။

ချစ်ကိုမောင်က

စိတ်မချ

သိပ်လှပါတယ်ချစ်သူရယ်။

ချစ်ကိုမောင်နောက်

စိတ်တွေကောက်

အော်ငေါက်စွာတယ်ချစ်သူရယ်။

နှုတ်ခမ်းလေးစူ

ကောက်တဲ့သူ

ကြည်ဖြူချော့မယ်ချစ်သူရယ်။

အချိန်လည်းကုန်

အသံတုန်

ပြန်ဆုံကြမည်ချစ်သူရယ်။

နှုတ်ဆက်အနမ်း

ချစ်မှာတမ်း

ဆက်လွမ်းကြမည်ချစ်သူရယ်။
                       
              တတိုင်းမွှေး။

(သံပေါက်) 
လက်ကဖုန်းလေး

မမြည်သေး

ရင်လေးမိတယ်ချစ်သူရယ်။

ဖုန်းသံလေးလာ

စိတ်ချမ်းသာ

မောင့်မှာပျော်တယ်ချစ်သူရယ်။

သတိရလား

ချစ်သေးလား

တစ်အားချွဲတယ်ချစ်သူရယ်။

အနမ်းသဲသဲ

နမ်းမစဲ


ဖုန်းထဲနမ်းတယ်ချစ်သူရယ်။

ချစ်ကိုမောင်က

စိတ်မချ

သိပ်လှပါတယ်ချစ်သူရယ်။

ချစ်ကိုမောင်နောက်

စိတ်တွေကောက်

အော်ငေါက်စွာတယ်ချစ်သူရယ်။

နှုတ်ခမ်းလေးစူ

ကောက်တဲ့သူ

ကြည်ဖြူချော့မယ်ချစ်သူရယ်။

အချိန်လည်းကုန်

အသံတုန်

ပြန်ဆုံကြမည်ချစ်သူရယ်။

နှုတ်ဆက်အနမ်း

ချစ်မှာတမ်း

ဆက်လွမ်းကြမည်ချစ်သူရယ်။

တတိုင်းမွှေး။
(သံပေါက်)

Friday, October 4, 2013

အရောင်ရင်ါရင့် အပွင့်နုနု

Photo: အရောင်ရင့်ရင့်

အပွင့်နုနု

ငြုငြုတာတာ

သာသာအေးအေး

မွှေးမွှေးသဲ့သဲ့

နွဲ့ နွဲ့လှသည်

မောင့်...နှင်းဆီရယ်။

ပန်းလေးတစ်ပွင့်

ခပ်ရင့်ရင့်လေး

အပွင့်လည်းလှ

အရောင်ကရဲ

ရိုးကလည်းမာ

ဆူးလည်းကာမြဲ

နံ့မှာလည်းမွေး

မပိုင်သေးမို့

အဝေးကတို့ကြည့်နေတယ်။

ပန်းကိုချူဝံ့

မချူဝံ့မို့

ဝံ့မရဲ

မောင့်အသည်းလေး

အမြဲတွေးလို့အားငယ်တယ်။အရောင်ရင့်ရင့်

အပွင့်နုနု

ငြုငြုတာတာ

သာသာအေးအေး

မွှေးမွှေးသဲ့သဲ့

နွဲ့ နွဲ့လှသည်

မောင့်...နှင်းဆီရယ်။

ပန်းလေးတစ်ပွင့်

ခပ်ရင့်ရင့်လေး

အပွင့်လည်းလှ

အရောင်ကရဲ

ရိုးကလည်းမာ

ဆူးလည်းကာမြဲ

နံ့မှာလည်းမွေး

မပိုင်သေးမို့

အဝေးကတို့ကြည့်နေတယ်။

ပန်းကိုချူဝံ့

မချူဝံ့မို့

ဝံ့မရဲ

မောင့်အသည်းလေး

အမြဲတွေးလို့အားငယ်တယ်။

တတိုင်းမွှေး။ 



Wednesday, October 2, 2013

ရီးဇားစာ...ပါဂျ..






     ရင်ထဲကချစ်တတ်တာ
ပစ်မှတ်ရှာဖို့လက်တည့်စမ်းတယ်ထင်နေလား

ခင်မင်တာကြာသွားမှချစ်စကားညီရစေဆိုတာ

ပြည်လှဖေတို့ဆိုနေကြသီချင်းထင်ပါ့

အတင်းမလိုက်တတ်တာကပြေးမှာစိုးလို


ခပ်ဖြေးဖြေးတို့လေ့လာတာ

မင်းမှာကချစ်စရာတွေအပြည့်မို့ပါ

အပြစ်မပါတဲ့မိန်းခလေးဆယ်သိန်းပေးပြီးလည်းမရှာတတ်တော့


ရင်ဘတ်တစ်ခုကိုအရင်းတည် ချစ်ပါသညိဆိုတဲ့စာတစ်ကြောင်းနှင့်အတူ

အူတူတူတို့ဘ၀ကိုထာဝရအပ်မည်နော်


ရာမနှင့်ဒဿလိုအချစ်ကိုရဖို့

ခခ ယယ ကလေး .... လေးတော်မတင်တတ်ပေမည့် 

မဟော်သဓါဇာတ်ထဲကလိုလက်သီးဆုပ်ပြပြီး

အဟုတ်ကြီးညီမကိုချစ်တဲ့အကြောင်းပြောတာ

မင်းနဲ့ပေါင်းရမှအကြောင်းလှမည့်လူစားမျိုးလည်းမဟုတ်တာ

.မင်းရိပ်မိမှာပါနော်......

ပြီးတော့လိပ်ချိချိလိုလည်းအကြောင်းမပြန်ပါနဲ့

နှစ်ဦးကောင်းရန်အကြာင်းတွေးလျှက်

ပေါင်းပြီးဖက်ကြဖို့အချိန်နီးစေချင်လို့


ဇနီးလို့သတ်မှတ်ခွင့်ပေးလိုက်တော့နော်။

မွ...မွ...မွ...ဟဲဟဲ

တတိုင်းမွှေး။