Sunday, November 3, 2013

ချစ်သူနှုတ်ခမ်းအလွမ်းနှင်းဆီ



ချစ်ရသူမို့လွမ်းတာလား

လွမ်းရသူမို့ချစ်တာလား

ချစ်နေရင်းနဲ့လွမ်းနေပါတယ်နော်။


မျက်လုံးလေးရီတယ်

သွားကလေးပုလဲသွယ်

နှာတံလေးထယ်လို့

ပါးမို့မို့ကမတို့ရက်ပြီ

နှုတ်ခမ်းနီမလေးကိုမှလွမ်းပါသည်။


စကားလေးလည်းတီတီတာ

အသံလေးလည်းကြည်ကြည်သာ

ရီနေတာလေးလည်းကြည့်လို့လှ

တည်နေတာလေးလည်းကြည့်မဝ

ခဏခဏသတိရ

နှုတ်ခမ်းနီမလေးကိုမှလွမ်းပါသည်။


ပန်းချစ်သူမို့ကြင်နာတတ်တယ်

ကြင်နာသူမို့ပန်းချစ်တတ်တယ်

ချစ်သူလာတော့ပန်းပန်ပေးကြ

ပန်းပန်ပေးတော့ပိုချစ်လာကြ

ခဏခဏသတိရ

နှုတ်ခမ်းနီမလေးကိုမှလွမ်းပါသည်။


ကဗျာတွေထဲမှာလည်းအချစ်ရှိတယ

အချစ်တွေထဲမှာလည်းကဗျာရှိတယ

အချစ်တွေပိုကြောင်းကဗျာရေြး

ကဗျာတွေရေးပြတော့အချစ်ပိုကြ

ခဏခဏသတိရ

နှုတ်ခမ်းနီမလေးကိုမှလွမ်းပါသည်။


ပါးလေးနီနီ နှုတ်ခမ်းနီတဲ့

ချစ်သူဆီသို့ရည်ရွယ်လို့

နှင်းဆီတစ်ချို့ပို့လိုက်တယ

ချစ်လို့ပေးတာအားမနာကြ

မလှလည်းပန်လှလည်းပန်

မပန်လည်းယူပန်လည်းယူ

မယူလည်းချစ်ယူလည်းချစ်ကြ

ခဏခဏသတိရ

နှုတ်ခမ်းနီမလေးကိုမှလွမ်းပါသည်။

နှင်းဆီနီနီလည်းလွမ်းပါသည်

နှုတ်ခမ်းနီနီလည်းနမ်းပါမည်


ချစ်ရသူမို့လွမ်းတာလား

လွမ်းရသူမို့ချစ်တာလား

ချစ်နေရင်းနဲ့လွမ်းနေပါတယ်နော်။

တတိုင်းမွှေး။



No comments:

Post a Comment