မောင်ရေးတဲ့စာတွေက
မင်းအတွက်အပျင်းပြေဘဲလား
မောင်ဖွဲ့ခဲ့တဲ့ကဗျာတွေက
မင်းအတွက်အပျော်ဖတ်ဘဲလား
မောင်ပြောခဲ့တဲ့စကားတွေက
မင်းအတွက်ပြက်လုံးတွေလား
“ တော်လောက်ပြီ ” ဆိုတဲ့စကားလုံး
အရာအားလုံးကိုပြီးသွားရမှာလား
“ထားမသွားပါနဲ့ ” “ မနေတတ်လို့ပါ”
ဘာညာဆိုပြီးဒူးထောက်
အရက်သောက်ပြီးမျက်ရည်ဝဲ
အသည်းကွဲသီချင်းတွေအော်ပြီးဆို
ရင်ဘတ်ကြီးကိုလက်သီးနဲ့ထုပြ
ငိုချင်းရှည်ချပြမည်လို့ထင်နေသလားနော်
မပျော်လည်းလုပ်ပျော်လည်းလုပ်ရတာ
နေ့တိုင်းထမင်းစားရမည့်အလုပ်
မဟုတ်လည်းတွေးဟုတ်လည်းတွေးရမှာ
တိုင်းရေးပြည်ရေးဘာသာရေး
မနိုင်လည်းကူရ နိုင်လည်းကူရမှာ
လူမှုဒုက္ခပရဟိတ
မပျင်းလည်းသင်ပျင်းလည်းသင်ရမှာ
အသိပညာအတတ်ပညာ
အဲဒီတော့...ချစ်သူ
ချစ်တယ်ဆိုတာ..ချစ်လို့ပြောခဲ့တာ
ချစ်တာကိုမယုံလျှင်..မဆုံချင်လို့သာမှတ်ပါတယ်။
စိတ်ကုန်တယ်ဆိုရင်တော့မင်းသဘောပါ
စိတ်ကောက်တယ်ဆိုရင်တော့ခဏစောင့်ပါ
ဝမ်းစာလုံလောက်အမောပျောက်လျှင်
စိတ်ကောက်တဲ့သူမောင့်ချစ်သူအား
အတူပွေ့ဖက် လက်ခြင်းယှက်လို့ချော့ပါ့မယ်။
တတိုင်းမွှေး။ ။
မင်းအတွက်အပျင်းပြေဘဲလား
မောင်ဖွဲ့ခဲ့တဲ့ကဗျာတွေက
မင်းအတွက်အပျော်ဖတ်ဘဲလား
မောင်ပြောခဲ့တဲ့စကားတွေက
မင်းအတွက်ပြက်လုံးတွေလား
“ တော်လောက်ပြီ ” ဆိုတဲ့စကားလုံး
အရာအားလုံးကိုပြီးသွားရမှာလား
“ထားမသွားပါနဲ့ ” “ မနေတတ်လို့ပါ”
ဘာညာဆိုပြီးဒူးထောက်
အရက်သောက်ပြီးမျက်ရည်ဝဲ
အသည်းကွဲသီချင်းတွေအော်ပြီးဆို
ရင်ဘတ်ကြီးကိုလက်သီးနဲ့ထုပြ
ငိုချင်းရှည်ချပြမည်လို့ထင်နေသလားနော်
မပျော်လည်းလုပ်ပျော်လည်းလုပ်ရတာ
နေ့တိုင်းထမင်းစားရမည့်အလုပ်
မဟုတ်လည်းတွေးဟုတ်လည်းတွေးရမှာ
တိုင်းရေးပြည်ရေးဘာသာရေး
မနိုင်လည်းကူရ နိုင်လည်းကူရမှာ
လူမှုဒုက္ခပရဟိတ
မပျင်းလည်းသင်ပျင်းလည်းသင်ရမှာ
အသိပညာအတတ်ပညာ
အဲဒီတော့...ချစ်သူ
ချစ်တယ်ဆိုတာ..ချစ်လို့ပြောခဲ့တာ
ချစ်တာကိုမယုံလျှင်..မဆုံချင်လို့သာမှတ်ပါတယ်။
စိတ်ကုန်တယ်ဆိုရင်တော့မင်းသဘောပါ
စိတ်ကောက်တယ်ဆိုရင်တော့ခဏစောင့်ပါ
ဝမ်းစာလုံလောက်အမောပျောက်လျှင်
စိတ်ကောက်တဲ့သူမောင့်ချစ်သူအား
အတူပွေ့ဖက် လက်ခြင်းယှက်လို့ချော့ပါ့မယ်။
တတိုင်းမွှေး။ ။
No comments:
Post a Comment